ချစ်ပရိတ်သတ်ကြီးရေ... ချစ်ဖို့ကောင်းတဲ့မျက်နှာသေးလေးလေးရယ်မေးစေ့ချွန်ချွန်လှလှလေးရယ်ကို ထူးထူးခြားခြားပိင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင် အဆိုတော်မလေးအိမ့်ထရက်သျှာကိုပရိတ်သတ်ကြီးတို့သိကြမှာပါနော်။သူမဟာ မော်ဒယ်လောကမှာလည်း နေရာတစ်နေရာကိုခိုင်ခိုင်မာမာပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီးတော့ အဆိုပိုင်းမှာလည်း နာမည်ရနေတဲ့သူလေးတစ်ယောက်ပါနော်။

လူကောင်လေးကသေးသေးလေးနဲ့ ရင်ခွင်မှီအရပ်ကလေးကိုပိုင်ဆိုင်ထားပြီးတော့ အမိုက်စားခန္ဓာကိုယ်လေးကြောင့်လည်းပရိတ်သတ်တွေအချစ်တွေပိုနေခဲ့ရပါတယ်နော်။ သူမဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်ပေမယ့် ခရီးလေးတွေကတော့ဆက်တိုက်ထွက်ဖြစ်နေတာကိုတွေ့ရပါတယ်နော်။ အခုလည်းသြင်္ကန်မှာ တောင်ကြီးကိုရောက်ရှိနေပါတယ်တဲ့နော်။

သူမဟာ တောင်ကြီးမှာ သြင်္ကန်ကျနေခဲ့တာဖြစ်ပြီးတော့ Dj နဲ့အမိုက်စား ဒွန့်လို့ကောင်းမယ့် မဏ္ဍပ်တွေကိုသွားရောက်ပြီးတော့ အပြတ်ကဲနေတာကိုတွေ့ရပြန်ပါတယ်နော်။ အခုတစ်ခါမှာလည်း စင်ပေါ်ကနေ playerက သူမအကြိုက်ဆုံးသီချင်းတွေထဲကတစ်ပုဒ်ဖြစ်တဲ့ Perfectဆိုတဲ့ သီချင်းလေးရဲ့Remixကို ဖွင့်လိုက်တဲ့အခါမှာ သူမရဲ့အမိုက်စားအသံချိုချိုလေးနဲ့ ပရိတ်သတ်တွေကို သီဆိုပြခဲ့ပါသေးတယ်နော်။ကဲ... သူမ ပရိတ်သတ်တွေကိုသီချင်းဆိုပြခဲ့တဲ့ဗီဒီယိုဖိုက်လေးကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။