ချစ်ပရိတ်သတ်ကြီးရေ.... လတ်တလောမှာဆိုရင် ပရိတ်သတ်ကြားမှာအရမ်းရေပန်းစားပြီး တစ်ခဲနက်အားပေးခြင်းကိုခံနေရတဲ့မော်ဒယ် သရုပ်ဆောင် မလေး ဟန်နာယူရီကို ပရိတ်သတ်ကြီးတွေလည်းသိမှာပါနော်။ အားလုံးရဲ့အချစ်တော်လေးလည်းဖြစ်သလို အရုပ်မလေးနဲ့ တူတဲ့သူမရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကိုရီးယားမလေးလို အရမ်းကိုလှပတဲ့အသားရေလေးကိုပိုင်ဆိုင်ထားသူလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါနော်။

အနုပညာနယ်ပယ်လေးထဲမှာလည်း သူမဟာ အခြေအတော်လေးကျပြီး နာမည်လေးလည်းရလာကာ စီနီယာသမားတွေရဲ့ နေရာပေးခြင်းကိုလည်းခံနေခဲ့ရပါတယ်နော်။ မိတ်ကပ်ပိုင်းမှာလည်း အရမ်းကိုထူးချွန်တဲ့ မိတ်ကပ်ပညာရှင်လေးတစ်ယောက်လည်းဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးခြင်းကိုခံနေခဲ့ရပါတယ်နော်။

သူမဟာ လတ်တလောမှာတော့ ခရီးလေးတွေထွက်ဖြစ်နေပြီးတော့ အခုလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေပြန်ပါတယ်နော်။ မြန်မာနိုင်ငံမှာ သြင်္ကန်ကျနေတဲ့အချိန်မှာတော့ သူမဟာလည်းဘန်ကောက်မှာ ပျော်ပျော်ကြီးအပြတ်ကဲနေခဲ့ပါတယ်နော်။ သူမဟာ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ပွဲတက်ခဲ့တာပဲဖြစ်ပြီး ကိုရီးယားမလေးလား ထင်မှတ်မှားရလောက်တဲ့အလှကြောင့် မြင်သမျှလူတွေလည်းလည်ပြန်ငေးရလောက်တဲ့အထိပါပဲနော်။ကဲ.... ဟန်နာယူရီရဲ့အကြွေတစ်လိုင်းပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။