ချစ်ပရိတ်သတ်ကြီး ရေ.... တစ်ခေတ်တစ်ခါကနေ အခုချိန်ထိ လျှမ်းလျှမ်းတောက်အောင်ငြမ်ကျော်ကြားဆဲဖြစ်တဲ့ ပရဟိတမင်းသားကြီးကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ သူဟာ ကလေးတွေကော လူကြီးတွေကပါလေးစားအားပေးခြင်းခံရတဲ့ သူလည်းဖြစ်သလို အနုပညာလောကအတွက်တကယ့်ကို စံထားရလောက်တဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်နော်။

ကျော်သူဟာ မကြာခင်ကျင်းပခဲ့တဲ့Star Awardဆုပေးပွဲမှာ ရုပ်သံဇာတ်လားတွဲမှာ အကောင်းဆုံး ဒါရိုက်တာဆုကိုထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်နော်။သူဟာ အနုပညာအလုပ်တွေကိုတစ်ဖက်ကနေကြိုးစားလုပ်နေသလို အခြားတစ်ဖက်ကလည်း ပရဟိအလုပ်တွေကို ဦးစီးဦးဆောင်လုပ်ကာ ကျော်သူ လူမှုနာရေးကူညီရေးအသင်းအပြင် အခြားသော ပရဟိတ တက်ကြွလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပါတယ်နော်။

ကျော်သူဟာ အခုတစ်ခါမှာလည်း မင်းသားဆိုတဲ့ ဂုဏ်ပုဒကိုမေ့ကာ သင်္ကြန်တွင်းမှာစည်းမဲ့ကမ်းမဲ့အမှိုက်ပစ်နေတဲ့ပြည်သူတွေကို သတိပေးလှုံ့ဆော်တဲ့အနေနဲ့ ကိုယ့်အမှိုက် ကိုယ်ရှင်း ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ကာ သူရဲ့အဖွဲ့သားတွေနဲ့အတူ အမှိုက်ကောက်ကုသိုလ်ယူခဲ့တဲ့အမှတ်တရတွေကိုပြောပြခဲ့ပါတယ်နော်။မနှစ်က ဒီလိုအချိန်မှာ လမ်းလျှောက်သင်္ကြန်ပွဲကျင်းပနေတဲ့ အင်းလျားနဲ့ မဟာဗန္ဓုလပန်းခြံဘက်မှာ သွားရောက်သတိပေးလှုံ့ဆော်ခဲ့တာဖြစ်ပြီးတော့ သင်္ကြန်အတက်နေ့ကို ကောင်းသော အလုပ်ကိုလုပ်ကာအဆုံးသတ်နှုတ်ဆက်ခဲ့ပါတယ်။ကဲ... ကျော်သူတစ်ယောက် မင်းသားတန်မဲ့ဘယ်လိုတွေအမှိုက်ကောက်ခဲ့လဲဆိုတဲ့အမှတ်တရ ပုံရိပ်လေးတွေကိုကြည့်လိုက်ရအောင်နော်....

Source: Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။