အပတ်စဉ်တိုင်း HIV/AIDS ကူးစက်ခံကလေးတွေနဲ ့မိဘမဲ့ကလေးတွေကို သွားရောက်လှူဒါန်းတဲ့ သရုပ်ဆောင်မေပန်းချီ

သရုပ်ဆောင်မေပန်းချီကတော့ ဂရုဏာရှင် မင်းသမီးလေးပဲဖြစ်ပါတယ်။

သူမဟာ အပတ်စဉ်တိုင်း မြောက်ဒဂုံ ၁၁ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်ရဲ ့ ကာကွယ်ရေးနဲ ့ကူညီစောင့်ရှောက်ရေး ဂေဟာ (HIV/AIDS ဝေဒနာရှင်ကလေးငယ်တွေနဲ ့မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ဂေဟာ) မှာ ကိုယ်တိုင် ကိုယ်ကျသွားရောက်လှူဒါန်းပြီး ကလေးတွေကို ပြုစုသူတစ်ဦးဖြစ်ပါတယ်။

မွန်မြတ်တဲ့ စိတ်စေတနာရှိပြီး သနားကြင်နာတတ်တဲ့ မင်းသမီးလေးက မကြာသေးခင်ကလည်း အရေးပေါ်သွေးလိုအပ်နေတဲ့ ကလေးငယ်တစ်ဦးအတွက်

သွေးလှူဒါန်းပေးခဲ့သူပါ ။

ပရိသတ်ကြီးအတွက် မေပန်းချီရဲ ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Myanmar Celebrities 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။