ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲတွေမှာတော့ ဘာစီလိုနာနဲ့ အားယက်စ်တို့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။ နူးကမ့်မှာ ကန်တဲ့ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲမှာ အိမ်ရှင်အသင်းက မက်ဆီရဲ့ ခြေစွမ်းပြမှုနဲ့ လွယ်လွယ်ကူကူနိုင်ခဲ့တာပါ။

ပွဲအစပိုင်းမှာ ယူနိုက်တက်ရဲ့ တိုက်စစ်ဆင် ကစားခဲ့မှုကြောင့် ဘာစီလိုနာ ကစားကွက် မတည်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ မက်ဆီက တစ်ကိုယ်တော်ဆွဲပြေးပြီး သူ့ရဲ့ ဂိုးသွင်းနေကျ ပုံစံအတိုင်း ညာဖက်ထောင့်ထဲကို ကန်သွင်းခဲ့ပါတယ်။ဘာစီလိုနာအတွက် ၂၀မိနစ်မှာ မက်ဆီကပဲ ဒုတိယဂိုး ထပ်သွင်းပါတယ်။

ဘာစီလိုနာအတွက် ၆၁မိနစ်မှာ တတိယဂိုးရခဲ့ပါတယ်။ နောက်ထပ် ဂိုးရဖို့ ကြိုးစားပေမယ် ဘာစီလိုနာက ၃ဂိုးပြတ်နဲ့ နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ မန်ယူအနေနဲ့ ၃ဂိုးပြတ်နဲ့ အရှက်တကွဲအိမ်ပြန်လာခဲ့ရပြီး နှစ်ကျော့စလုံး ဘာစီလိုနာကိ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

source:the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။