သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကတော့ ကိုရီးယားမင်းသားတစ်ဦးလို ချောမောပြေပြစ်တဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အပြတ်အသတ် အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဗီလိန်၊ လူဆိုးလူကောင်းစတဲ့ ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်တွေ လက်ခံအားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဇေရဲထက်က ပရိသတ်တွေအပေါ်မှာလည်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။

စိတ်ရင်းစေတနာကောင်းရှိတဲ့ ဇေရဲထက်က သူများတွေကို ကူညီအားပေးတတ်ပြီး သဒ္ဓါတရားထက်သန်တာကြောင့် အားလုံးက လေးစားချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ အခုလည်း နှစ်ဆန်းတစ်ရက်နေ့ အခါသမယမှာ ဇေရဲထက်က မွန်မြတ်တဲ့ကုသိုလ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ ဇေရဲထက်က သူ့ရဲ့ပါးပါးနဲ့ အမေကြီးဆီ အရောက်သွားပြီး အနုပညာကြေးလေးနဲ့ ဦးချကန်တော့ခဲ့တာ ဖြစ်ပါတယ်။

ဇေရဲထက်က '' နှစ်ဆန်းတစ်ရက်နေ့မှာ ပါးပါးနဲ့အမေကြီးကိုကိုယ့်ရဲ့ချွေးနည်းစာနဲ့ကန့်တော့ချိန်ဘေးက ငတိမကိုပါမုန့်ဖိုးပေးရ ပျော်ရွှင်ရပါတယ် '' ဆိုပြီး သူ့ရဲ့အပျော်တွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ကိုယ်တိုင်ရှာဖွေထားတဲ့ ချွေးနည်းစာလေးတွေနဲ့ ကန်တော့ခဲ့တဲ့ ဇေရဲထက်ရဲ့နှစ်ဦးအလှူလေးကတော့ အရမ်းကို မင်္ဂလာရှိလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိသားစုနဲ့အတူ ပျော်ရွှင်နေတဲ့ ဇေရဲထက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Zay Ye Htet;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။