သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အကယ်ဒမီပေးပွဲကြီးမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်တဲ့ ဘုန်းမင်းလေးကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးခဲ့ကြသလို အထူးသဖြင့် မိန်းကလေး ပရိသတ်တွေကလည်း အပြတ်အသတ် ဝန်းရံခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ဘုန်းမင်းက အနုပညာလောကကို စတင်အခြေချပြီး အနုပညာအလုပ်တွေ လုပ်ကိုင်လာရပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလက်ရှိမှာတော့ ဘုန်းမင်းရဲ့နှလုံးသားရေးရာ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ဝေဖန်မှုပြောဆိုမှုတွေ ရှိလာတာ တွေ့ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝေဖန်မှုဒဏ်တွေကို ခံလာရတဲ့ ဘုန်းမင်းအတွက် ဘာအတွက်မှ စိတ်ဓာတ်မကျစေဖို့ မေမေခင်ဇာခြည်ကျော်က အားပေးစကားဆိုထားပါတယ်။ ခင်ဇာခြည်ကျော်က '' မေမေချစ်တဲ့ သားကြီး ဘယ်လို လောကဓံတွေပဲ လာလာ ကြံကြံခံ ရင်ဆိုင်လိုက်ပါသား...မေမေ့ သား ပီသချင်ရင် အမြဲပြုံးထားပါ မောင်ဘုန်း Fighting '' ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘုန်းမင်းနဲ့အတူ ရွှေကြိုအဖြစ် ပါဝင်ခဲ့တဲ့ သဇင်ထူးမြင့်ကလည်း '' Phonemin Nay Laမောင်ဘုန်းရေပြုံးထားပါ ရွှေကြိုအမတွေအကိုတွေကိုအမြဲပျော်အောင် စိတ်ဓာတ်မကျအောင်လုပ်ပေးတဲ့အငယ်ဆုံးကလေး......ဘာတွက်မှစိတ်ဓာတ်မကျပါနဲ့'' ဆိုပြီး အားပေးစကားဆိုထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တစ်ချို့ကလည်း ဘုန်းမင်းနေလအတွက် အားပေးစကားတွေ ပြောကြားပေးထားတာလည်း တွေ့ရပါတယ်။

Source: Khin Zarchi Kyaw Zar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။