ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော အိချောပိုကတော့ ပုရိသတွေရဲ့အသည်းကျော် အလှမိမယ်လေးတစ်ဦး ဖြစ်ပါတယ်။ သူမတူတဲ့ ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ အိချောပိုက ပရိသတ်တွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားနေတာ ဖြစ်ပါတယ်။ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးလေးအဖြစ် အနုပညာလောကို ဝင်ရောက်လာခဲ့တဲ့ အိချောပိုက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

မြင်သူတိုင်းက စွဲမက်ရတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ အိချောပိုက ဘာဝတ်ဝတ် အမြဲထင်ပေါ်လှပနေတာလည်း ဖြစ်ပါတယ်။ အခုလည်း အိချောပိုက နှစ်ဆန်းတစ်ရက်နေ့မှာ ''ချိုးရုပ်'' ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ခဲ့ပါတယ်။ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ပြီး ယဉ်ယဉ်လေးလှနေတဲ့ အိချောပိုက ကျက်သရေရှိပြီး အလှတွေတိုးနေတာ တွေ့ရပါတယ်။

အိချောပိုက '' " ချိုးရုပ် "နှစ်ဆန်းတစ်ရက်နေ့ အခါကြီးရက်ကြီးမှာ ကန်တော့ပွဲကပ်ပြီး နောင်ချိုမှာရိုက်ကူးမယ့် ရုပ်ရှင်ကားကြီး..ချစ်ရတဲ့ပရိတ်သတ်များအားလုံး စိတ်သစ်လူသစ်ကံကောင်းခြင်းအသစ်တွေနဲ့ ဘေးအန္တရာယ်ကင်းဝေးကာ လိုရာပန်းတိုင်ကိုအမြန်ဆုံးတက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်... '' ဆိုပြီး ကန်တော့ပွဲက ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြန်မာဆန်ဆန် လှနေတဲ့ အိချောပိုရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po;

Photo-Li John Ljl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။