ပရိသတ်ကြီးရေ ဒီနေ့ဟာဆိုရင်တော့ မြန်မာပြည်ရဲ့ နေ့ထူး၊ နေ့မြတ် တစ်ရက်လို့ဆိုရမှာပါ....။ မြန်မာသက္ကရာဇ် ၁၃၈၀ ကနေ၊ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းသွားပြီး ဖြစ်ပါတယ်...။ တပေါင်းလကနေ တန်ခူးလသို့ ကူးပြောင်းသွားပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်ကြတဲ့ မြန်မာတို့ရဲ့ နှစ်ဆန်းတစ်ရက်နေ့ပဲဖြစ်ပါတယ်...။ အနုပညာနယ်ပယ်အသီးသီးက သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်လ်စတဲ့ အမျိုးသမီးအနုပညာရှင်တို့ဟာဆိုရင် ပရိသတ်တွေ ကိုယ်၊စိတ်နှလုံး ချမ်းမြေ့ရအောင် နှစ်သစ်ဆုတောင်းစကားဆိုခဲ့ကြတာကို တွေ့ရမှာပါ...။

အမျိုးသမီး သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်လ်များဖြစ်ကြတဲ့ ခိုင်သင်းကြည်၊ ဝတ်မှုန်ရွှေရည်၊ ပွင့်နဒီမောင်၊ ယဉ်လက်၊ နန်းခင်ဇေယျာ၊ ပိုးကြာဖြူခင်၊ နန်းဆုဦး၊ ဝိုင်းလေး၊ နွယ်ဒါလီထွန်း၊ မြတ်ရတနာကျော် အစရှိတဲ့ ပြည်သူ့ချစ် အနုပညာရှင်များက ဆုတောင်းစကား ကိုယ်စီဆိုခဲ့ကြတာဖြစ်ပါတယ်...။ တစ်ယောက်တစ်မျိုးစီ မရိုးလှတဲ့ ဆုတောင်းစာသားတွေနဲ့အတူ အလှပုံရိပ်လေးတွေကိုလည်း ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်နော်...။

ဝိုင်းလေးဟာဆိုရင်တော့ မဂင်္လာရှိသော နှစ်ဆန်းတစ်ရက်နေ့မှာ ဆီမီးထွန်း ပဋ္ဌာန်းရွတ်ပူဇော်ပြီး မေတ္တာသုတ်လည်း ရွတ်ဆိုခဲ့ပြီး မြန်မာတပြည်လုံးသာယာအေးချမ်းအောင် ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်...။ အခြားအနုပညာရှင် အမျိုးသမီးတွေကလည်း ပရိသတ်ကြီးအတွက် ကုသိုလ်ဒါနတွေ ပြုလုပ်ပေးသေးပါတယ်နော်....။ ရိုးရိုးယဉ်ယဉ်နဲ့ ဆန်းသစ်ပြီး ချစ်ဖို့ကောင်းသော အမျိုးသမီး အနုပညာရှင်တွေကို ကြည့်ရှုအားပေးရအောင် တင်ဆက်ပေးရင်း Myanmarload ပရိသတ်ကြီးလည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်...။

Source Khine Thin Kyi၊ Wutt Hmone Shwe Yi၊ Pwint Nadi Maung၊ Yin Let၊ Nang Khin Zay Yar၊ Poe Kyar Phyu Khin၊ Nan Su Oo၊ Wyne Lay၊ Nwe Darli Tun၊ Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။