ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိ ထားတဲ့ မင်းသားချော သာထက်ဉာဏ်ဇော်တစ်ယောက် ပြီးခဲ့တဲ့နှစ်က နေပြည်တော် ကနေ ရန်ကုန်ကိုပြန်တဲ့ ခရီးလမ်းမှာ ကားမတော် တဆဖြစ်ပြီး ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူနဲ့ ညီဖြစ်သူအတွက် ရည်းစူးပြီး ဘုန်းတော်ကြီး ကျောင်းမှာ လှူဒါန်းမှု ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မနှစ်က နှစ်ဆန်းတစ်ရက်နေ့ ရန်ကုန်ကိုပြန်လာတဲ့ ခရီးလမ်းလေးမှာ ယာဉ်မတော်တဆဖြစ်ခဲ့ရပြီး သူကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပေမယ့် မိခင်နဲ့ ညီဖြစ်သူကတော့ ဆုံးပါးသွားခဲ့တာပဲဖြစ်ပတယ်။

ကိုယ်သိပ်ချစ်ရတဲ့မိသားစုဝင်တွေဆုံးရှုံးသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ရင်ထဲက ခံစားချက်က ပြောမပြနိုင်လောက်အောင်ကို နာကျင်ရတာမို့ သာထက်ဉာဏ်ဇော်ကို ပရိသတ်တွေရော ခင်မင် ရင်းနှီးသူတွေကပါ ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့ ညီငယ်လေးကို သတိရတိုင်း အမြဲတမ်း စာလေးတွေရေးသားတတ်ပါသေး တယ်။

မိခင်နဲ့ညီငယ်လေးအတွက် ပြုလုပ်တဲ့ ကောင်းမွန်တဲ့ အလှူပုံရိပ်လေးတွေကို " နှစ်ဆန်း ၁ရက်နေ့ မေမေနှင့် သားငယ်လေးအတွက် ရည်စူး၍ လှူဒါန်း... 17.4.2018 (နေပြည်တော်) ... ၁နှစ်ပြည့်ခဲ့ပီ... " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ တင်ထားတာပဲဖြစ်ပါတယ်။ သာထက်ရဲ့ အမေနဲ့ ညီငယ်လေးလည်း ကောင်းမွန်ရာ ဘုံဘဝ တစ်ခုကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo - Thar Htet Nyan Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။