American ရဲ့ Superhero ကားတစ်ကားဖြစ်တဲ့ Bird Of Prey ကားဟာဆိုရင် ပြီးခဲ့တဲ့ လပိုင်းလောက်ကစပြီး ရိုက်ကူးနေတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ အဲ့ကားထဲက Hailey Queen သရုပ်ဆောင်မင်းသမီးကတော့ Margot Robbie ပဲဖြစ်ပါတယ်။ သူမဟာဆိုရင်လဲ Sucide Squad ကားထဲက Hailey Queen ပဲဖြစ်ကာ ခုကားထဲမှာလဲ Hailey Queen အဖြစ်ပြန်လည်ပါဝင်သရုပ်ဆောင်လို့ထားပါတယ်။ တနင်္လာနေ့တုန်းကဆိုရင်သူမဟာ Los Angeles မြို့ထဲမှာ ရုပ်ရှင်ရိုက်ကူးနေခဲ့ပါတယ်။ 

သူမဟာဆိုရင် Instagram ပေါ်ကို Hailey Queen ဝတ်စုံကိုဝတ်ဆင်ထားပြီး ဒါရိုက်တာရဲ့ခုံပေါ်မှာ ထိုင်ကာ ရိုက်ထားတဲ့ပုံကိုတင်ခဲ့ပါတယ်။ ပုံထဲမှာ ပရိသတ်ကြီးတွေတဲ့အတိုင်းပါပဲ Hailey Queen ရဲ့ပုံစံကတော့ ခပ်လန်းလန်း ခပ်ဟော့ဟော့ပါပဲ။ ပရိသတ်တွေထဲမှာလဲ Hailey Queen ကိုအားပေးတဲ့ Fan တွေရှိမယ်လ်ို့ထင်ပါတယ်။ Hailey Queen Fanတွေဟာဆိုရင်လဲ မိန်းကလေးပိုမိုများကြောင်းကို သိရှိရပါတယ်။ 

ဘာလိုဆို Hailey Queen ရဲ့အချစ်တော်ပူတင်ဖြစ်တဲ့ Joker နဲ့ အချစ်ဇာတ်လမ်းကို ကြိုက်နှစ်သက်ကြလိုပဲဖြစ်ပါတယ်။ Joker အပေါ်ကိုထားတဲ့ Hailey ရဲ့ အချစ်က တကယ်ကို ပြောမပြတတ်အောင်ကြောင့်ပဲဖြစ်ပါတယ်။ ခုထွက်ရှိလာမဲ့ Bird Of Prey ကားဟာဆိုရင်တော့ DCက ရိုက်ကူးထားတာဖြစ်ပြီး ပါဝင်မဲ့ ဇာတ်ဆောင်တွေကတော့ Hailey Queen; the Huntressနဲ့ Renee Montoya တို့ပဲဖြစ်ကာ သူတို့ဟာ ရာဇဝင်မှုတို့ရဲ့ အရှင်သခင် Black Mask ကို တိုက်ခိုက်သွားမှာပဲဖြစ်ပါတယ်။ ကားကတော့စိတ်ဝင်စားစရာကားပဲဖြစ်တာမို့ ကြည့်ရှုဖို့အကြံပေးလိုက်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။