အဆိုတော်မလေး ပိုပိုတစ်ယောက် သူမရဲ့အိမ်ပြန်ခရီးလမ်းမှာ လေဆိပ်မှာတွေ့တဲ့ ကလေးတစ်ယောက်နဲ့ အမှတ်တရဓာတ်ဖမ်းခဲ့တာပဲဖြစ်ပါတယ်။ ကလေးရောလူကြီး ပါမကျန် ချစ်တဲ့ ပိုပိုပါပဲ။ သီချင်းသံစဉ်လေးတွေနဲ့ ပရိသတ်တွေရဲ့စိတ်အာရုံကိုဖမ်းစား ထားပြီး သူမရဲ့ချစ်စဖွယ် အမူအရာလေးတွေနဲ့ အပြောလေးတွေကလည်း ပိုပိုပြီးအချစ်တိုး ချင်စရာပါပဲ။

အပျိုကြီးမမကတော့ အမြဲတမ်းလန်းဆန်းတက်ကြွလို့နေပါတယ်။ သြင်္ကန်လေးရက်လုံးလုံး မန္တလေးနဲ့ မုံရွာမှာ ပျော်ပျော်ကြီးဖျော်ဖြေခဲ့ပြီး ဒီနေ့မှာတော့ အိမ်ပြန်ဖို့ လေဆိပ်မှာထိုင်နေတုန်း ချစ်စဖွယ်ကလေးလေးနဲ့အတူ ဓာတ်ဖမ်းလိုက်တာပဲဖြစ်ပါ တယ်။ ဒီသြင်္ကန်မှာတော့ အရင်ကလို ကိုကိုပုရိသတို့ရဲ့ အနမ်းတိုက်ကွက်မမိဘူး ထင်ပါရဲ့။

သူမနဲ့ ကလေးလေးတို့ရဲ့ပုံရိပ်တွေကို " အိမ်ပြန်ပါပြီရှင် Bye bye.မုံရွာနဲ့ မန္တလေး အိမ်ပြန်လမ်းမှာ ဓါတ်ပုံလာရိုက်တဲ့ကလေးမလေးက ချစ်စရာလေး ဓါတ်ပုံရိုက်မလို့ သူ့အမတွေက ဦးထုပ်တွေ မျက်မှန်တွေရော မျက်နှာ တွေ ဖုံးထားတာတွေ ချွတ်တော့ သူသဘောမကျဘူး ဖျားလို့ ပါးစပ် အုပ်ထားတာလားမေးတော့ ပဲများချင်လို့တဲ့သူ့အမဆီက အတုယူပြီး တပ်ထားတာတဲ့ အဲ့နဲ့ သူ့စတိုင်လေးကို ချစ်လို့ " ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။