ဆက်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ ရင်ကို လှုပ်ခတ်နေသူကတော့ ချစ်စဖွယ်အပြုံးမျက်နှာလေးနဲ့အမြဲနေတတ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ပဲ ဖြစ်ပါတယ်။ သူရဲ့ ဖော်ရွေပွင့်လင်း စွာနေတတ်တဲ့ပုံစံလေးကြောင့် ပရိသတ်အချစ်တော်ကို ခံယူရရှိနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

သူကတော့ နှုတ်ခမ်းနီ မလေးတွေရဲ့ အချစ်ကို မျက်ဝန်းလေးတွေနဲ့ ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လင်းအောင်ခေတ်ကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရတာတွေ့ရပါတယ်။ လတ်တလောမှာတော့ လမ်းလျှောက်ရေပတ်ခံထွက်နေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

သူတို့သူငယ်ချင်းတွေဟာဆိုရင် အမြဲစနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတက်ကြသူတွေလည်းဖြစ်ပါတယ်။အမြဲဆိုသလို သူငယ်ချင်းတွေနဲ့ စနောက်နေကြတဲ့ ပုံလေးတွေ Tik tok ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိတာလည်းတွေ့ရပါတယ်။လင်းအောင်ခေတ်ရဲ့ ပုံလေးတွေကို ပရိသတ်ကြီးတွက်ပါ မျှဝေပေးလိုက်ပါတယ်။

Source:Linn Aung Khit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။