ပါးချိုင့်လေးနဲ့ အပြုံးချိုသူတစ်ယောက်ဖြစ်ပြီး သွယ်လျပြေပြစ်သော ခန္ဓာကိုယ်အချိုးအစားရှိတဲ့ မော်ဒယ်လ်ရွှေအိမ်စည်ကို သိကြမယ်ထင်ပါတယ်နော်...။ နိုင်ငံတကာစံချိန်မှီတဲ့ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး အမျိုးသားပရိသတ်အများဆုံးလက်ခံရရှိထားတာဖြစ်ပါတယ်..။ သဘောထားပြည့်ဝပြီး ပွင့်လင်းရိုးသားတဲ့အတွက်ကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်...။

"အရိပ်" ဇာတ်ကားမှာ သဘာဝကျကျသရုပ်ဆောင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ မေမြင့်မိုရ်ဟာဆိုရင်လည်း ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်လက်ရိုက်ကူးနေရတာဖြစ်ပါတယ်...။ ကြော်ငြာ၊ မဂ္ဂဇင်းတွေမှာလည်းသူမရဲ့ အလှပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားအမှတ်တရပုံရိပ်တွေကိုလည်း ထုတ်ဖော်ပြသလေ့ရှိတာဖြစ်ပါတယ်...။

ရွှေအိမ်စည်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ရွှေအိမ်စည်နဲ့ မေမြင့်မိုရ်တို့နှစ်ဦးဟာ ကြော်ငြာ ရိုက်ကွင်းတစ်ခုမှာ ချစ်ချစ်ခင်ခင်နဲ့ ရိုက်ကူးခဲ့ကြတာကို "Bella အတွက်ရိုက်တုန်းက" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။