အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ဗီဒီယို၊ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးခဲ့ပြီး သီချင်းတွေလည်း ထွက်ရှိအောင်မြင်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ နန်းမြတ်က အနုပညာအလုပ်တွေ ခဏရပ်နားထားပြီး သားလေးရဲ့ကိုယ်ဝန်ကိုသာ ဂရုတစိုက်နဲ့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နန်းမြတ်က မိခင်လောင်းဘဝကနေ သားတစ်ယောက်မိခင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းနဲ့ ခင်ပွန်း တာတာမျိုးတို့ရဲ့ သားဦးလေးကိုတော့ ပြီးခဲ့တဲ့ ဧပရယ်လ (၁၂) ရက်၊ သောကြာနေ့မှာ အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Jack Jack လို့ ချစ်စနိုးအမည်လေးပေးထားတဲ့ နန်းမြတ်ရဲ့သားလေးကတော့ ပါးနီနီရဲရဲလေးတွေနဲ့ ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း နန်းမြတ်က သားလေးရဲ့ပုံလေးကို ပထမဆုံးအနေနဲ့ တင်ထားတာ တွေ့ရပါတယ်။

နန်းမြတ်က '' နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ jackjack first_photo_on_mummy_timeline. happy_myanmar_newyear .loveyou'' ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ အိပ်မောကျနေတဲ့ နန်းမြတ်ရဲ့ချစ်သားလေးကတော့ တကယ့်ကို အသည်းယားစရာလေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီး နန်းမြတ်ဖြိုးသင်းရဲ့သားဦးလေးဖြစ်တဲ့ Jack Jack ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nan Myat Phyo Thin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။