ပရိသတ်ကြီးရေ အကယ်ဒမီ လူမင်းကတော့ အနုပညာနယ်ပယ်ထဲမှာ ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်နော်။လူမင်းရဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကလည်း သဘာဝကျလွန်းတာမို့ ကြည့်ရှု့သူပရိသတ်ကို ဇာတ်လမ်းထဲ စီးမျောနစ်ဝင်သွားအောင် ပြုစားနိုင်ပါတယ်။လူမင်းက အခုချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပြီး အသက်ကြီးလာတဲ့ထိတောင် ခန့်ညားနေတဲ့ရုပ်ရည်က အရင်တုန်းကလိုပဲ ချောမောနေဆဲပါ။

လူမင်းမှာ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်ရတဲ့ဇနီးရယ် သားသမီးတွေနဲ့အတူ အေးချမ်းစွာ နေထိုင်နေတာဖြစ်ပါတယ်။လူမင်းကလည်း မိသားစုအပေါ် တာဝန်ကျေပြွန်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။လူမင်းတို့မိသားစုက အားလပ်ရက်တွေမှာဆိုလည်းမိသားစုလိုက် ခရီးတွေထွက်တတ်ကြပါတယ်။လူမင်းက ချစ်ဇနီးလေးကိုတော့ ဘယ်သွားသွား လက်ချင်းချိတ်ပြီး အမြဲခေါ်သွားနေကျပါ။

လူမင်းရဲ့ အခုနောက်ပိုင်းအနုပညာလှုပ်ရှားမှုတွေကတော့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေပြီး လူမင်းရဲ့ ဇာတ်ကားတွေလည်း ထွက်ရှိလာဦးမှာဖြစ်လို့ ပရိသတ်ကြီးက အားပေးကြည့်ရှုကြပါဦးနော်။လူမင်းက အခုဆိုရင် မိသားစုဝင်အကုန်လုံးကို ခေါ်ဆောင်ကာ စင်ကာပူကို အလည်ခရီးထွက်နေကြပါတယ်။လူမင်းတို့မိသားစုက စင်ကာပူရဲ့ နေရာအနှံကို လည်ပတ်နေပြီး လူမင်းရဲ့သားနဲ့သမီးကလည်း ကာတွန့်ရုပ်တွေနဲ့ အရမ်းကိုပျော်ရွှင်နေပါတယ်။ပရိသတ်ကြီးလည်း အပျော်တွေကူးစက်အောင်လို့ လူမင်းတို့မိသားစုရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Ayarwady Lu Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။