အသင်းကြီးတွေကို အံ့အားသင့်အောင် လုပ်နိုင်တဲ့ အားယက်စ်က ဂျူဗင်တပ်စ်ကို တူရင်ကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ အထူးသဖြင့် ၃နှစ်ဆက် ချန်ပီယံ ရီးယဲယ်ကို အဝေးကွင်းမှာ ဂိုးပြတ်သွင်းပြီး အနိုင်ယူလာတဲ့ အားယက်စ်ဟာ ဒီပွဲမှာလည်း နောက်ကလိုက်ကစားခဲ့ရပေမယ့် ခြေစွမ်းပြ နိုင်ခဲ့တာပါ။ ရှုံးထွက် ပွဲတွေရောက်တိုင်း ဂိုးမြူးလေ့ရှိတဲ့ ရော်နယ်လ်ဒို တစ်ဂိုးသွင်းခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဆီမီးဖိုင်နယ်ကို မတက်နိုင်ဘဲ ထွက်ခဲ့ရပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲတွေမှာတော့ ဘာစီလိုနာနဲ့ အားယက်စ်တို့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။ နူးကမ့်မှာ ကန်တဲ့ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲမှာ အိမ်ရှင်အသင်းက မက်ဆီရဲ့ ခြေစွမ်းပြမှုနဲ့ လွယ်လွယ်ကူကူနိုင်ခဲ့တာပါ။ ပွဲအစပိုင်းမှာ ယူနိုက်တက်ရဲ့ တိုက်စစ်ဆင် ကစားခဲ့မှုကြောင့် ဘာစီလိုနာ ကစားကွက် မတည်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

အေဂျက် အသင်းရဲ့ ကစားသမားဟောင်း ဗန်ဒါဗတ် ကတော့ ဒီနှစ် ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဘာကာ နဲ့ အေဂျက် တို့ ထိပ်တိုက် တွေ့ဆုံလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်ပြီ ဖြစ်ပါတယ်။ဖိုင်နယ်ကိုရောက်ရှိဖို့က အေဂျက်အနေနဲ့ လီဗာပူး မန်စီးတီးတို့ကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

source:the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။