ပရိသတ်ကြီးရေ တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်တဲ့ မေတိုးခိုင်ကိုတော့ ပရိသတ်ကြီးက သူမရဲ့ကြော်ငြာလေးတွေကနေတဆင့်သတိထားမိလာတာဖြစ်ပါတယ်။မေတိုးခိုင်က အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့တူမလေးလည်းဖြစ်ပါတယ်။မေတိုးခိုင်က အကယ်ဒမီပေးပွဲကြီးမှာ ရွှေကြိုအဖြစ်ပါဝင်ထားတာဖြစ်လို့ ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။မေတိုးခိုင်က လူငယ်တစ်ယောက်ဖြစ်လို့ ပေါ့ပါးလွတ်လပ်စွာ အမြဲတမ်းပျော်ပျော်နေတတ်ပါတယ်။

အရမ်းချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေး နော်ဖောအယ်ထားကလည်း ပရိသတ်တွေအရမ်းချစ်ရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။နော်ဖောအယ်ထားကလည်း တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကြော်ငြာတွေလည်းရိုက်ကူးနေပါတယ်။နော်ဖောအယ်ထားက အနုပညာလောကထဲကို မဝင်ရောက်ခင်ကတည်းက ပုရိသတွေကြားအရမ်းရေပန်းစားခဲ့တာပါနော်။နော်ဖောအယ်ထားရဲ့ လူငယ်ဆန်ဆန် လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနေထိုင်တတ်ပုံလေးကလည်း အရမ်းချစ်စရာကောင်းပါတယ်။

နော်ဖောအယ်ထားနဲ့ မေတိုးခိုင်တို့က တစ်ယောက်ကိုတစ်ယောက်အရမ်းခင်မင်ကြတဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။နှစ်ယောက်လုံးက အနုပညာအလုပ်တွေကိုလည်း အတူတူလုပ်ကိုင်ကြသလို သွားအတူလာအတူနဲ့ BFF သူငယ်ချင်းတွေပါ။သင်္ကြန်ကာလမှာလည်း အကြိုနေ့ကနေအတက်နေ့အထိ နှစ်ယောက်သားက သူငယ်ချင်းတွေ မိသားစုတွေနဲ့ လည်ပတ်ခဲ့ကြပါတယ်။သင်္ကြန်ပြီးချိန်မှာတော့ သူငယ်ချင်းနှစ်ယောက် သနပ်ခါးတွေလူးပြီး Skin careနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Naw Phaw Eh Htar/May T Khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။