ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဘေဘီမောင်ကတော့ အနုပညာလောကမှာ လျှောက်လှမ်းနေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ပဲဖြစ်ပါတယ်။ဘေဘီမောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း သူမရဲ့ ပီပြင်တဲ့အိုင်တင်တွေကြောင့် ပရိသတ်ကြီးအားပေးရကျိုးနပ်မှာပါ။ဘေဘီမောင်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဘေဘီမောင်နဲ့ ချစ်သူသားဂန်းတို့စုံတွဲလေးကတော့ အရမ်းလိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေက သူတို့စုံတွဲလေးကို သဘောတူနေကြတာဖြစ်ပါတယ်။ဘေဘီတို့စုံတွဲလေးရဲ့ အရမ်းရိုတတ်ပုံလေးတွေ ဂရုစိုက်မှုလေးတွေက ဘေးကမြင်ရတဲ့ ပရိသတ်တွေကတောင် ထပ်တူကြည်နူးရပါတယ်။မနဲ့မောင်ဖြစ်ပေမယ့် ဘေဘီကသာ ကလေးဆိုးလေးလို ဆိုးနွှဲ့သမျှလေးတွေကို ချစ်သူသားဂန်းက ကျေနပ်နေတာပဲ ဖြစ်ပါတယ်။သားဂန်းက ဘေဘီမောင်အတွက် အစားအသောက်ကအစ သေချာ ဂရုစိုက်ပေးတတ်ပြီး စားချင်သမျှကိုလည်းကိုယ်တိုင်လုပ်ကျွေးတဲ့သူဖြစ်လို့ ဘေဘီကတော့ ချစ်သူကောင်းလေးကိုပိုင်ဆိုင်ထားတာပါနော်။

ဘေဘီမောင်နဲ့သားဂန်းတို့က သင်္ကြန်ကာလမှာ ပရိသတ်တွေကို သီချင်းတွေနဲ့ ဖျောဖြေခဲ့ပြီး ချစ်သူနှစ်ဦးကြည်နူးစွာနဲ့ သင်္ကြန်ကာလကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြပါတယ်။နှစ်ဆန်းတစ်ရက်နေ့လေးမှာလည်း ဘေဘီက မိသားစုနဲ့အတူ အလှူလေးတွေကိုပြုလုပ်ပြီး တရားနာခဲ့ပါတယ်။တတ်နိုင်သလောက်လေးတွေကို အမြဲလှူဒါန်းနေတဲ့ ဘေဘီက ယခုလည်း သဒါ္ဒတရားထက်သန်စွာနဲ့ ကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်။နှစ်သစ်မှာ ကောင်းမှုကုသိုလ်တွေနဲ့အစပျိုးလိုက်တဲ့ ဘေဘီမောင်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။