ဆွဲဆောင်မှုရှိရှိ ဟန်ပန်အမူအရာလေးနဲ့ အမိုက်စားခန္ဓာကိုယ်လေးရယ် ပိုင်ဆိုင်ထားတဲ့ ယွန်းမီမီကျော်ကို သိကြမယ်ထင်ပါတယ်နော်...။ သူမဟာဆိုရင် အနုပညာလောကထဲကို မော်ဒယ်အဖြစ်နဲ့ဝင်ရောက်လာကာ နောက်ပိုင်းမှာတော့ကြော်ငြာတွေနဲ့ သီချင်းဗီဒီယို တွေရိုက်ကူးရသည်ထိအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။sexy ကျကျနဲ့ လန်းလွန်းတဲ့သူမရဲ့ အလန်းစားပုံလေးတွေကလည်း ပရိသတ်တွေကြားမှာရေပန်းစားလူကြိုက်များတာတွေ့ရပါတယ်။

ယွန်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်းပါဝင်လာတာကို မြင်တွေ့ရမှာပါ...။ အခမ်းအနားဖွင့်ပွဲတွေမှာလည်း သူမရဲ့အလှပုံရိပ်တွေကိုမြင်တွေ့ရပြီး၊ ပွဲလမ်းသဘင်တွေကိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ စံချိန်မှီအရပ်အမောင်းရှိသူဖြစ်ပြီး ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်..။

ယွန်းကပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာကိုမြင်တွေ့ရမှာပါ...။ အခုတစ်ခါမှာဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ရောက်ရှိနေတာဖြစ်ပြီး "Dear Bali , you make my heart smile" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Yoon Mhi Mhi Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။