အမိုက်စားဖက်ရှင်လေးတွေနဲ့လည်းလိုက်ဖက်လွန်းသူတစ်ယောက်ဖြစ်ပြီး မြန်မာဆန် ဆန်လေးတွေ နဲ့ လည်း ရိုးရှင်းစွာကြည့်ကောင်းလွန်းသူလေးကတော့ ပရိသတ် အချစ် တော်လေး ယုသန္တာတင်ပဲ ဖြစ်ပါတယ်။ အနုပညာပျိုးခင်းရဲ့ မင်းသမီးချောလေး တစ်ယောက်ဖြစ်ပြီး အရည်အချင်းပြည့်ဝမှု ကြောင့် အနုပညာလောကထဲကို ခြေချနိုင် သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့အနုပညာခြေလှမ်းအစဟာ အဆိုတော်ရဲလေးရဲ့ သီချင်း MTV မှာ ပါဝင်သရုပ် ဆောင်ရာက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင်သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အများအပြားရှိနေပြီး ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးနေတာပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်တတ်ပြီး နိုင်ငံတကာနှံ့အောင် ခြေဆန့်ပြီး အလှပဆုံးသောရှုခင်းတွေကို နောက်ခံ ထားကာ ရင်ခုန်ဖွယ်ရာပုံရိပ်လေး တွေကို လူမှုကွန်ယက်မှာ ဝေမျှတတ်သူတစ်ယောက်ပါပဲ။

ဒီတစ်ခေါက်မှာလည်း ကိုရီးယားနိုင်ငံ Teddy Bear ပြတိုက် ရောက်ရှိနေတဲ့ သူမရဲ့ ရင်ခုန်ဖွယ်ရာ ပုံရိပ်တွေကို " Teddy bear အရုပ်တွေအကုန်သယ်လာချင်တာ " ဆိုပြီး ချစ်စဖွယ် တင်ထားတာ ပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့ အင်္ကျီလေးကိုကိုရီးယားဆန်ဆန် ဝတ်ဆင်ထားတဲ့ ကိုရီးယားရောက် မြန်မာမလေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ပြီနော်။

Photo - Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။