အနုပညာလောကမှာ တက်သစ်စမင်းသမီးလေးတစ်ဦးဖြစ်ပေမယ့် သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာပိုင်ဆိုင်ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်အတိုင်း ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ပိုးကြာဖြူခင်ရဲ့ အနုပညာအရည်အချင်းကတော့ ပရိသတ်တွေအတွက် အားပေးရကျိုးနပ်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ချစ်စရာကောင်းပြီး စိတ်ထားကောင်းတဲ့ သူမက ပရိသတ်တွေကြားမှာ ဆိုင်းမိုင်ဆိုတဲ့ အဆိုတော်မလေး ဇာတ်ကောင်နဲ့ နာမည်ကြီးခဲ့ပြီး တကယ့်အပြင်မှာလည်း ချစ်စရာကောင်းအောင် အသံအေးအေးလေးနဲ့ သီချင်းတွေဆိုတတ်တဲ့ သူလေးဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သြင်္ကန် အချိန်လေးမှာ အရမ်းချောတဲ့ မောင်လေးနဲ့ အတူ ဖျော်ဖြေရေးတွေမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။

ယခုလည်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ ကုသိုလ်ကောင်းမှုတွေ ဝေေ၀ဆာဆာပြုလုပ်ကြတဲ့ နှစ်ဆန်းတစ်ရက်နေ့လေးမှာ ချစ်စရာကောင်းတဲ့ မောင်လေးနဲ့ အတူ မြစ်ကြီးနားမှာ ရောက်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်တင်ပေးပြီး ယောင်းမလို့ မခေါ်ရဘူးနော် ဆိုပြီး ပရိသတ်တွေကို ကျီစယ်လိုက်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

Source:Poe Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။