ချန်ပီယံလိဒ်ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲကနောက်ဆုံးပွဲစဉ်တွေကိုတော့ဒီနေ့မနက်ကယှဉ်ပြိုင်ကစားခဲ့ကြပြီးစပါးအသင်းဟာအဝေးကွင်းမှာဂိုးတွေသွင်းပြီးရှုံးနိမ့်ခဲ့ပေမယ့်ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါပြီ။အင်္ဂလန်ထိပ်သီးတွေဖြစ်တဲ့မန်စီးတီးအသင်းနဲ့စပါးအသင်းတို့ပွဲစဉ်ကတော့ပွဲချိန်ပြီးဆုံးတဲ့အချိန်ထိပရိသတ်တွေကိုရင်ခုန်မှုတွေအပြည့်ပေးနိုင်ခဲ့တာပါ။

ပွဲစကတည်းကအပြန်အလှန်ဂိုးတွေစသွင်းခဲ့ကြတာဖြစ်ပြီးပွဲအစ၄မိနစ်ကတည်းကမန်စီးတီးအသင်းကစတာလင်ရဲ့သွင်းဂိုးနဲ့ဦးဆောင်ဂိုးသွင်းခဲ့ပါ။မန်စီးတီးအသင်းကပထမအကျော့တုန်းကအဝေးကွင်းမှာရှုံးနိမ့်ခဲ့တာကြောင့်ခုအိမ်ကွင်းမှာပွဲစတည်းကဖိအားပေးပြီးဂိုးတွေသွင်းခဲ့တာပါ။စပါးအသင်းကလည်းဆီမီးဖိုင်နယ်တက်ဖို့အကောင်းဆုံးကစားခဲ့ပြီးဆွန်ယောင်မင်ကစပါးအသင်းအတွက်၇မိနစ်နဲ့၁၀မိနစ်တွေမှာဂိုးတွေသွင်းပေးခဲ့တာပါ။

ဒီလိုနဲ့နှစ်သင်းလုံးဂိုးတွေအပြန်အလှန်သွင်းကြရင်းနဲ့ပွဲကစားချိန်မိနစ်၉၀မှာတော့မန်စီးတီးအသင်းကစပါးအသင်းကို(၄-၃)နဲ့အနိုင်ရခဲ့ပေမယ့်ပထမအကျော့အဝေးဂိုးကြောင့်စပါးအသင်းကဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့တာပါ။မန်စီးတီးအသင်းဟာအချိန်ပိုမှာဂိုးတစ်ဂိုးရရှိခဲ့ပေမယ့် var စနစ်ကြောင့်ဒိုင်လူကြီးကဂိုးမပေးခဲ့တာပါ။ပရိသတ်တွေအတွက်လည်းပြိုင်ဆိုင်မှုပြင်းထန်ပြီးပရိသတ်တွေကိုရင်ခုန်မှုတွေပေးခဲ့တဲ့ မန်စီးတီး အသင်းရဲ့ highlights လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။