ပရိသတ်ကြီးရေ မင်းသမီးချောလေး အေးမြတ်သူကတော့ စိတ်ကောင်းစေတနာကောင်းရှိပြီး သဘောကောင်းဖော်ရွေတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်နော်။အေးမြတ်သူက အနုပညာအလုပ်တွေကိုလည်း အများကြီး ပိုကြိုးစားလာကာ ပရိသတ်ရဲ့ အချစ်များစွာကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။အေးမြတ်သူရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုဆိုလည်း ပရိသတ်တွေက ရုံပြည့်ရုံလျှံအားပေးကြတာကို တွေ့မြင်ရမှာပါနော်။

အေးမြတ်သူရဲ့ သရုပ်ဆောင်အိုင်တင်တွေက သဘာဝကျပီပြင်တာကြောင့် ပရိသတ်ရဲ့ အာရုံကို ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။သူမရဲ့ သရုပ်ဆောင်ချက်တွေကောင်းတာကြောင့် "နောင်တွင် ဥဒါန်းတွင်စေသတည်း"ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ရုပ်နှစ်မျိုးကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးရရှိသွားပါတယ်။အေးမြတ်သူရဲ့ အနုပညာလှုပ်ရှားမှုအသစ်တွေလည်း ထွက်ရှိလာဦးမှာဖြစ်လို့ ပရိသတ်ကြီးက အားပေးကြပါဦးနော်။

အေးမြတ်သူက ၂၀၁၉သင်္ကြန်ကို အဓိပ္ပါယ်ရှိရှိနဲ့ ဖြတ်သန်းခဲ့ပြီး သင်္ကြန်အကြိုနေ့ကတည်းက ပျော်ရွှင်စွာ ရေကစားခဲ့သလို စတုဒီသာအလှူတွေလည်း လုပ်ရင်း မြန်မာဆန်ဆန်လေးနဲ့ ရိုးရှင်းစွာ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။အခုဆိုရင်လည်း နှစ်ဆန်းတစ်ရက်နေ့လေးမှာအေးမြတ်သူက "တစ်နှစ်ပတ်လုံး ဖြစ်တည်ခဲ့တဲ့ စိတ်အညစ်အကြေးတွေ နဲ့ ၁၃၈၁ပြည့်ပတ်လုံး ဖြစ်တည်လာမယ့် စိတ်အညစ်အကြေးတွေ ကို ဆေးကြောခဲ့တယ် နှောင်ဖြစ်တည်လာမယ့် စွန်းထေးညစ်ပေမှု့တွေလည်း ခုဆေးကြောသန့်စင်မှု့တွေနဲ့ ပါသွားရပါလို၏"ဆိုပြီး ကုဋီဆေးကာ ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Myat Lay ML

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။