ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေတစ်ယောက် အလှူရေစက်လက်နဲ့မကွာဆိုသလိုပဲ ကိုယ်တတ်နိုင်သလောက်လေးကို အမြဲတမ်းလှူတန်းပြီး ကာလဒါနလေးတွေလည်း မကြာခဏပြုတတ်သူတစ်ယောက်ပါပဲ။ မိဘမဲ့ကလေးတွေကိုလည်း ခေါ်ယူမွေးစားပြီး ပြုစုစောင့်ရှောက်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာလောကမှာ သက်တမ်းကြာရင့်နေပြီဖြစ်ပြီး သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေလည်း အများအပြား ပါပဲ။

သြင်္ကန်မှာဖျော်ဖြေမှုတွေပြုလုပ်ကာ ပရိသတ်တွေနဲ့အတူတူပျော်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေ ကလည်း ကြည်နူးစရာပါပဲ။ မနေ့က နှစ်ဆန်းတစ်ရက်နေ့မှာတော့ ခိုင်နှင်းဝေ တစ်ယောက် အခြေခံလူတန်းစားတွေဖြစ်တဲ့ ကာယလုပ်သား ဆိုက်ကားဆရာတွေရဲ့ ဆိုက်ကားမှာ နွေနေအပူရဲ့ဒဏ်ကို အနည်းငယ်သက်သာစေနိုင်ဖို့ ထီးတွေလှူတန်း ခဲ့တာပဲဖြစ်ပါတယ်။ စုစုပေါင်း ဆိုက်ကားအစီးသုံးဆယ်အတွက် ထီးအလက်သုံးဆယ် လှူဒါန်းခဲ့တာဖြစ်ပြီး တကယ်ကိုလိုအပ်သူတွေအတွက်လှူဒါန်းတာမို့ သာဓုခေါ်ပါတယ် နော်။

သူမရဲ့အလှူအပေါ်ပီတိစိတ်လေးကို " လှူချင်သော အလှူတခု အထမြောက်အောင် မြင် ခဲ့ပါပြီ မွေးနေ့ကတည်းကလှူဖို့ရည်မှန်းထားပေမယ့် မလှူဖြစ်ခဲ့လို့ ဒီနေ့ နှစ်ဆန်း ၁ရက်နေ့မှာလှူဒါန်းခဲ့ပါတယ်ရှင် ကျမတို့ အဲကွန်းလေးနဲ့ကားစီးပြီးအမြဲသွားနေရတဲ့ သူတွေတောင် နွေရာသီရဲ့အပူဒဏ်ကိုပြင်းထန်စွာခံစားနေရတာ တနေကုန်နေပူထဲမှာ ဆိုက်ကားနင်းနေရတဲ့ ကာယလုပ်သားတွေဘယ်လောက်တောင်ပူလိုက်မလဲဆိုတဲ့ စိတ်ကူးနဲ့ ဆိုက်ကားအစီးရေ၃၀အတွက် ဆိုက်ကားထီး အချောင်း၃၀တပ်ဆင် လှူဒါန်း ပေးခဲ့ပါတယ် ဆိုက်ကားနင်းပြီးအသက်မွေးဝမ်းကြောင်းရသောသူများနှင့် ၇ရက် သား/သမီးအပေါင်း အေးချမ်း ကြပါစေရှင် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo - Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။