ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်နေတဲ့ ပိုပိုကတော့ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ကတည်းက သူမကိုယ်တိုင်ရေးဖွဲ့ထားတဲ့ သီချင်းလေးတွေကို သီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာတာဖြစ်ပါတယ်။ပိုပိုက သူမရဲ့ ကိုယ်ပိုင်သီချင်းလေးတွေနဲ့ပဲ ပရိသတ်တွေကြား အရမ်းကို ရေပန်းစားပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပါတယ်နော်။

ပိုပိုရဲ့ အမြူးသီချင်းလေးတွေကလည်း အရမ်းနားထောင်လို့ကောင်းသလို အဆွေးသီချင်းလေးတွေကလည်း ခံစားချက်တွေပွင့်ထွက်လာတဲ့ စာသားလေးတွေနဲ့ဖြစ်လို့ ပိုပိုကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းကောင်းကောင်းလေးတွေဟာ လူငယ်ပရိသတ်တွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးကြတာကို တွေ့မြင်ရပါတယ်။ပိုပိုက နောက်ထပ်လည်း တေးသီချင်းကောင်းတွေကို ဆက်လက်ဖန်တီးနေဦးမှာဖြစ်ပြီး ပရိသတ်အတွက် အမြဲကြိုးစားလို့နေပါတယ်။

ပိုပိုက သင်္ကြန်မှာတော့ အကြိုနေ့ကနေ အတက်နေ့အထိ ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းမြူးမြူးလေးတွေကို သီဆိုဖျော်ဖြေပေးခဲ့ပြီး တတ်နိုင်သလောက်အလှူလေးတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။အခုဆိုရင်လည်း နှစ်ဆန်း၂ ရက်နေ့မှာ ပိုပိုက မေတ္တာဖြူ ပရိဟိတ အဖွဲ့မှာ သွားလုပ်အားပေးပြီး အလှူငွေ ၁ သိန်းလှူကာ ကုသိုလ်ယူခဲ့ရင်း ဆရာလေးတွေကို ဆွမ်းခွံ့ကျွေးနေတဲ့ သဒ္ဒါတရားထက်သန်တဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါရစေနော်။ 

Source:ပိုပို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။