ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့အကျိုးကိုသယ်ပိုးဖို့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် ထက်ထက်ထွန်းကိုသိကြမယ်ထင်ပါတယ်နော်...။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတာဖြစ်ပြီး သူမရဲ့အမူအရာလေးတွေဟာဆိုရင် ပုရိသတွေရဲ့ ရင်ကိုလှုပ်ခတ်စေတာပဲဖြစ်ပါတယ်...။ "Model Museum Myanmar Model Agency" နဲ့ "NINE Audio&Lighting Myanmar" တို့ရဲ့ Chairman တစ်ယောက်လည်းဖြစ်ပါတယ်...။ ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မာပြည်ကြီးကို အကျိုးပြုမယ့် သရုပ်ဆောင်၊ ကိုယ်စားလှယ်လောင်းလေးပဲဖြစ်ပါတယ်....။

ထက်ထက်ထွန်းဟာဆိုရင် "Miss Universe Myanmar" ဆုကို ၂၀၁၅ နဲ့ ၂၀၁၆ နှစ်နှစ်တိုင်တိုင်ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်...။ သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာ်မဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ...။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်ထားပြီး အခမ်းအနားဖွင့်ပွဲတွေကိုလည်း ဖိတ်ကြားခြင်းခံရတဲ့ ထိပ်တန်းမော်ဒယ်လ်သရုပ်ဆောင်တစ်ဦးလို့ပြောရမှာဖြစ်ပါတယ်...။

ထက်ထက်ထွန်းက social media လောကတွင် ပျံျနှံမှုနဲ့ ကျယ်ပြန့်မှု အမြန်ဆုံးဖြစ်တဲ့ facebook စာမျက်နှာကိုသာအဓိကထားအသုံးပြုတာကို မြင်တွေ့ရမှာပါ...။ အများအားဖြင့် သူမရဲ့နေ့စဉ်လှုပ်ရှားမှုနှင့် အနုပညာလှုပ်ရှားမှုတွေကိုသာ အမြဲမြဲလိုလိုဖော်ပြပေးနေတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ဆန်းသစ်သောမြန်မာဝတ်စုံလေးနဲ့ ရိုးယဉ်စွာ ဓာတ်ဖမ်းခဲ့သော အလှပုံရိပ်တွေကို "မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့လေးမှာ အားလုံးမင်္ဂလာရှိစွာ ဖြတ်သန်းနိုင်ကြပါစေ ... ကိုယ်စီ ပိုင်ဆိုင်သော သဘာဝအလှတရား အပြုံးလေးများနဲ့ မေတ္တာပေးကာ အေးချမ်းနိုင်ကြပါစေ..." ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....။

Source Htet Htet Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။