ပရိသတ်ကြီးရေ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတုန်းက ဇောက်ချလုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်များစွာကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ တစ်ခေတ်တုန်းက အပြစ်ပြောစရာမရှိအောင် အရမ်းလှခဲ့တဲ့ မင်းသမီးတစ်လက်ပါနော်။နန္ဒာလှိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ဆိုရင်လည်း ပရိသတ်တွေက အားပေးကြတာဖြစ်လို့ ပရိသတ်တွေအရမ်းကြိုက်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

နန္ဒာလှိုင်က အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ကာ မိသားစုအတွက်သာ အချိန်ပေးပြီး ဂရုစိုက်ပေးနေတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သမီးလေး၃ယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ နန္ဒာလှိုင်တို့ မိသားစုက စိုစိုပြေပြေပါပဲနော်။နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်သူကလည်း ဇနီးနဲ့သမီးတွေအပေါ်မှာ လိုလေသေးမရှိအောင် ထားပေးပြီး အချစ်တွေများစွာကို ပေးထားလို့ ပရိသတ်တွေတောင်အားကျရတဲ့ မိသားစုလေးပါ။

အခုဆိုရင်တော့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံက "(၁၉.၄.၂၀၁၉)ရက်နေ့တွင် ကျရောက်သော သမီးလတ်ရတနာ မဇေရတီလှိုင်၏ မွေးနေ့အလှူဒါနအဖြစ် ကျိုက်ထီးဆောင်း အဘိုးဆရာတော်ဘုရားကြီး၏ ဆန္ဒတော်နှင့်အညီ (၅၉၂)ဆူမြောက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ၊မွန်ဧကရီဘုရင်မကြီးရှင်စောပုထပ်မံပြုပြင်တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် ကျိုက်မရောဘုရားကြီး ပြာသာဒ်ဘုံ အထွဋ်ရှိ ဘုံ(၃)ဆင့် ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်ဆက်ကပ်တင်လှူပူဇော်ပွဲအခမ်းအနားအတွက် အလှူတော်ငွေကျပ်သိန်း (၃၀၀) နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားဆက်ကပ်လှူဒါန်းခဲ့ကြ"တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။