David Beckham နဲ့ Victoria တို့နှစ်ယောက်အိမ်ထောင်သက်တမ်းဟာဆိုရင် နှစ်၂၀နီးပါးရှိပြီဖြစ်ပါတယ်။ အဲ့အချိန်အတွင်းမှာ သူတိုပတွေဟာ အမျိုးမျိုးသော ကိစ္စတွေကို ကျော်ဖြတ်လာကြပြီး သူတို့မှာ ကလေး ၄ယောက်ရှိပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကဆိုရင် သူတို့တွေဟာ Victoria ရဲ့ ၄၅နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပခဲ့ကြပါတယ်။ သူတို့တွေဟာ ပျော်ရွှင်စွာကျင်းပခဲ့ကြပြီး Instagram ပေါ်မှာ ပုံတွေကိုလဲ ပြန်လည်မျှဝေပေးခဲ့ပါတယ်။ 

အသက် ၄၃နှစ်ရှိပြီဖြစ်တဲ့ David ဟာဆိုရင် သူမိန်းမဖြစ်သူ Victoria ရဲ့ပုံကို 'Happy Birthday Mama... အံ့သြဖွယ်ရာအကောင်းဆုံးနေ့လေးကို ပိုင်ဆိုင်ပါစေ ဘာလို့လဲဆိုတော့ ဒီလိုနေ့မှာ အချစ်လေးကို ဘာမဆိုအလိုက်လိုက်မှာမို့ နည်းနည်းတော့ဆိုးလို့ရပါတယ် ' ဆိုပြီး Caption တပ်တင်ခဲ့ပါတယ်။ သူမကလဲ သူမရဲ့နေ့ထူးနေ့မြတ်မှာ ဆိုးဖို့ထိုက်တန်တယ်လို့ပြောပြခဲ့ပါတယ်။ 

အဲ့နေ့မတိုင်ခင်မှာတော့ Victoria ဟာသူမရဲ့အသိမိတ်ဆွေတစ်ယောက်နဲ့အတူ ညစာစားခဲ့ပြီး သူမရဲ့အကြိုမွေးနေ့ကို ပြုလုပ်ပေးခဲ့ပါတယ်။ သူမသူငယ်ချင်းကလဲ အဲ့ပုံကိုရိုက်ပြီး Instagram မှာတင်ခဲ့ကာ Victoria ကလဲ တစ်ဆင့်ထပ်မံပြီး တင်ခဲ့ပါတယ်။ Geri Halliwell ကလဲ Victoria ရဲ့ ၂၀၀၇ခုနှစ်တုန်းက ပုံကို share ခဲ့ပြီး ပုံထဲမှာ အကြီးဆုံးသားနဲ့ အငယ်ဆုံးသမီးလေးပါပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။