မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိတာပဲ ဖြစ်ပါတယ်။ အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟဆဲဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်းဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ကို ကြိုးဝိုင်းအတွင်းမှာပဲ သဘောတူခဲ့တာပဲ ဖြစ်ပါတယ် ။ အောင်လအန်ဆန်းရဲ့ ပြိုင်ပွဲတိုင်းကို ပြည်တွင်းပြည်ပပရိသတ်များစွာစောင့်ကြည့်လျှက်ရှိပြီး One Championship ပြိုင်ပွဲကြီးရဲ့ အဓိကချန်ပီယံကြီးတစ်ဦးလည်းဖြစ်ပါတယ်။ 

အောင်လအန်ဆန်းကတော့ ပြည်တွင်း ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပြီး ပရိသတ်အချို့ရဲ့ အားပေးမှုကတော့ အံ့အားသင့်လောက်အောင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းရဲ့ ပြိုင်ပွဲတိုင်းကို မဖြစ်ဖြစ်သလို နည်းတွေဖြစ် ကြည့်ရှု့တက်သူတွေနဲ့အတူ အောင်လပွဲကို ကိုယ်တိုင်ကြည့်ရင်း စိတ်ပါပြီးလိုက်ပါ ထိုးနှက်နေသူတွေလည်းများစွာရှိခဲ့တာလည်း တွေ့ရပါတယ်။  

မကြာသေးမီက အောင်လအန်ဆန်းကတော့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် တီဗီတစ်လုံးအား တစ်ရွာလုံးနီးပါး လာရောက်ကြည့်ရှု့ကြတဲ့ ပရိသတ်တွေကြောင့် အားအင်ဖြစ်ရကြောင်းရေးသားထားတာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းရဲ့ စာသားလေးကတော့ " ကည့်ပါဦး TV တစ်လုံးကို တစ်ရွာလုံးနီးပါးကြည့်ပြီး ကျွန်တော့်ကိုအားပေးကြတဲ့ ချစ်စရာပရိသတ်တွေ။ ဒါကကျွန်တော်အခုလိုဖြစ်နေရခြင်းအတွက် တွန်းအားပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ အားပေးမှူတွေအတွက် ကျေးဇူးတင်ပါတယ်။" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ တကယ်ကို ခတ်ခတ်ခဲခဲဒေသတွေမှာ အောင်လအန်ဆန်းကို အားပေးကြတဲ့ ပရိသတ်အချို့ရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေလးလိုက်ပါတယ်။

Vide0 - aung la  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။