Priyanka Chopra နဲ့ Nick Jonas တို့ဟာဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက လက်ထပ်ခဲ့ကြတာဖြစ်ပြီး ကြီးကျယ်ခမ်းစွာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် Nick ကိုသတင်းသမားတွေက Chopra နဲ့မကြာခင်မှာ ကလေးရဖို့ ကိစ္စတွေရှိပါလားဆိုပြီး တနင်္လာနေ့က မေးခဲ့ကြပါတယ်။ Nick ကလဲ အဲ့မေးခွန်းအတွက် အေဖြကို ' We're taking our time ' ဆိုတဲ့ စကားလုံး ၄လုံးတာပြောပြီး ဖြေခဲ့ပါတယ်။  

ပြီးခဲ့တဲ့ အပတ်တွေမှာဆိုရင် Chopra ဟာစတိုင်ကျကျ နယူးယောက်မြို့တော်ကို ထွက်ရှိလိုလာလာနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ သူမဝတ်ဆင်လာတဲ့ စတိုင်ကျကျပုံကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Priyanka နဲ့ Nick တို့ဟာဆိုရင် ၂၀၁၈ဒီဇင်ဘာလက Umaid Bhawan Palace မှာ Hindu ရိုးရာရော Christian အခမ်းအနားနဲ့ပါ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ 

သူတို့နှစ်ယောက်ဟာ ၂၀၁၈ ဇူလိုင်လမှာ Chopra ရဲ့ အသက် ၃၆နှစ်မြောက်မွေးနေ့မှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ မေလ ၂၀၁၈ခုနှစ်မှာ သူတို့နှစ်ယောက်ဟာ ချစ်သူတွေဖြစ်လာကြတာဖြစ်ပြီး June လမှာ Nick ရဲ့မိသားစုအသိုင်းအဝိုင်းနဲ့ Priyanka ကရင်းနှီးခဲ့ပါတယ်။ နှစ်ယောက်က မေလ ၂၀၁၇ခုနှစ် Met Gala မှာ စတင်တွေ့ရှိ ရင်းနှီးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ကလဲ အားကျစရာ အချစ်ဇာတ်လမ်းလေးပါပဲ......။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။