ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ "ရေမြေခြား" သီချင်းလေးကတော့ ဒီနေ့ ဧပရယ်လ (၁၈) ရက်နေ့မှာ Official Music Video လေး ထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုတော်၊သရုပ်ဆောင် ရတနာမိုင်နဲ့ အဆိုတော် စိန်လင်း (Aroma) တို့အတူ သီဆိုထားတဲ့ ဒီသီချင်းလေးက Audio နဲ့တင် ပရိသတ်တွေကြားမှာ အကြီးအကျယ် အောင်မြင်မှုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အလွမ်းစာသားလေးတွေနဲ့ ရေးဖွဲ့ထားတာကြောင့် လူကြိုက်များနေတဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဒီသီချင်းလေးက အရမ်းချစ်ကြပေမယ့် တစ်နေရာစီ အနေဝေးနေကြတဲ့ ရေမြေခြားချစ်သူစုံတွဲလေးအတွက် ရေးစပ်သီဆိုထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ စာသားလေးတွေက ရင်ထဲကိုထိမိလွန်းလို့ နားဆင်ချိန်တိုင်းမှာ အနေဝေးနေတဲ့ ချစ်သူကို အလွမ်းစိတ်တွေ ပိုတိုးလာစေမှာလည်း ဖြစ်ပါတယ်။ ဒီ အFeel တလိုင်းသီချင်းလေးရဲ့ Music Video လေးကလည်း ခဏလေးအတွင်းမှာတင် ကြည့်ရှုသူအများအပြား ရရှိခဲ့တာ ဖြစ်ပါတယ်။

စိန်လင်း (Aroma) က " သင်္ကြန်ပြီးလို့ ချစ်သူနဲ့ဝေးသွားတဲ့ သူတွေအတွက် “ရေမြေခြား” သီချင်းလေးနားဆင်ရင်း Feel ကြရအောင်.....ရေမြေတွေခြားနေတဲ့ ချစ်သူလေးတွေအတွက် ရတနာမိုင် နဲ့ စိန်လင်း (aroma) သီဆိုထားတဲ့ “ရေမြေခြား” သီချင်းလေးရဲ့ Official Music Video လေးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။ LDRS( Long Distance Relationship ) ချစ်သူလေးကိုအားပေးဖို့ သီချင်းကိုနားထောင်ဖို့ Mention ခေါ်လိုက်ပါနော်" ဆိုပြီး ဗီဒီယိုဖိုင်လေးကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အဝေးကချစ်သူနဲ့အတူ နားဆင်ဖို့အတွက် သီချင်းဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Sein Linn aroma;

credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။