ချစ်သူတွေအဖြစ်အထင်မှားခံခဲ့ရတဲ့မိုးယံဇွန်နဲ့အေးဝတ်ရည်သောင်း
အနုပညာရှင်ဆိုတာကဆေးစက်ကျရာ
အရုပ်ထင်သလိုသရုပ်ဆောင်ကြရပါတယ်။
အချစ်၊အမုန်း၊အလွမ်း၊အဆွေးတွေမှာ
သဘာဝကျအောင်ပီပြင်အောင်သရုပ်ဆောင်နိုင်မှသာ
ပရိသတ်တွေရဲ့အသိအမှတ်ပြုခြင်းကိုခံကြရတာပါ။
ဒါပေမယ့်သရုပ်ဆောင်တွေရဲ့မိမိရိုက်ကူးတဲ့ဇာတ်ကားအပေါ်စိတ်နှစ်ပြီးမုဒ်ဝင်သွားတဲ့အခါဇာတ်ကားရိုက်ကူးနေတာ
လို့မထင်ရတော့ဘဲတကယ့်လက်တွေ့ဘဝမှာဖြစ်ပျက်နေကြတာပဲလို့ပရိသတ်ကိုထင်မြင်သွားစေနို်င်တာမျိုးပါ။
မင်းကွန်းမှာရိုက်ကူးနေတဲ့``ရတနာပုံ´´ရုပ်သံ
ဇာတ်လမ်းတွဲမှာမိုးယံဇွန်နဲ့အေးဝတ်ရည်သောင်းတို့ရဲ့
သမီးရည်းစားပုံစံရိုက်ကူးနေကြတဲ့အခါ သူတို့နှစ်ယောက်ရဲ့သရုပ်ဆောင်ပုံတွေဟာ
အသက်ပါလွန်းလို့အပြင်မှာများတကယ်ချစ်သူတွေဖြစ်နေကြတာလားလို့ပရိသတ်ကိုထင်မှတ်မှားစေခဲ့တာပါ။
သူတို့နှစ်ယောက်ရဲ့အနုပညာမြောက်လှတဲ့သရုပ်ဆောင်ဟန်လေးတွေကိုပရိသတ်ကြီးကြည့်ကြည့်ပါ။
အရမ်းလိုက်ဖက်တဲစုံတွဲလေးလို့ပရိသတ်တွေရဲ့ထင်ကြေးပေးခံရပြီးနောက်အေးဝတ်ရည်သောင်းကတော့ဇာတ်လမ်းတွဲထဲကဇာတ်ဝင်ခန်းဖြစ်တဲ့အကြောင်း၊ကိုယ်ကျရာဇာတ်ရုပ်မှာသရုပ်ဆောင်ရတာကိုပရိသတ်ကြီးနားလည်စေလိုပါတယ်တဲ့။
Source-aye thaung fb
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။