ပရိသတ်ကြီးရေ အနုပညာလောကထဲကို ဆယ်ကျော်သက်အရွယ်ကတည်းက ဝင်ရောက်လာခဲ့တဲ့ စိုးပြည့်သဇင်ကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။စိုးပြည့်သဇင်က စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင်တို့နဲ့ ညီအစ်မတော်စပ်တာကြောင့် အနုပညာအရည်အသွေးကတော့ ပြောစရာမလိုအောင်ပင် အရမ်းကောင်းပါတယ်နော်။အနုပညာလောကထဲကို စိုးပြည့်စတင်ဝင်ရောက်လာခဲ့ကတည်းက ပရိသတ်တွေက အရမ်းကိုချစ်ပြီး အားပေးခဲ့ကြပါတယ်။

စိုးပြည့်သဇင်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ပြည်သူချစ်မင်းသမီးလေးတစ်ယောက်အနေနဲ့ ရပ်တည်နေပါတယ်။စိုးပြည့်က လက်တလောမှာ ရုပ်ရှင်ကားကြီးတစ်ကားကို ရိုက်ကူးနေပြီး ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာကို တွေ့ရပါတယ်။စိုးပြည့်လေးက စိတ်ထားလေးဖြူစင်ပြီး ချစ်စရာကောင်းတာမို့ လူချစ်လူခင်လည်း ပေါများပါတယ်နော်။

စိုးပြည့်က မြန်မာ့နှစ်ကူးပွဲတော်ကို သင်္ကြန်အကြိုနေ့ကနေ အတက်နေ့ထိ ပရိသတ်တွေကို သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပြီး ရေကစားကာ ပျော်ရွှင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း တွေ့မြင်ခဲ့ရမှာပါနော်။စိုးပြည့်လေးကိုအားပေးတဲ့ ပရိသတ်တွေကလည်း မဏ္ဍပ်အောက်မှာ အပြည့်အလျှံအားပေးခဲ့ကြတဲ့အပြင် သင်္ကြန်ပြီးတဲ့ နှစ်ဆန်းတစ်ရက်နေ့ကိုတော့ စိုးပြည့်က ပရိသတ်တွေကို လက်ပြနှုတ်ဆက်ရင်း နှစ်ဆန်းတစ်ရက်နေ့ရဲ့ မြင်ကွင်းလေးကို ဗီဒီယိုလေးနဲ့ ပြခဲ့ပါတယ်နော်။

Source:Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။