လတ်တလော ပရိသတ်တွေကြားမှာ "မိန်းမချော" ဆိုတဲ့ နာမည်လေးနဲ့ လူသိများအောင်မြင်လာခဲ့သူလေးကတော့ သရုပ်ဆောင် သံသာမိုးသိမ့်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမက အခုလက်ရှိမှာ ပြသနေတဲ့ "ကျွန်မက မဟေသီ" ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ဗီလိန်ဇာတ်ရုပ်အနေနဲ့ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်လွန်းတဲ့ သူမကတော့ အခုဆိုရင် လူသိများအောင်မြင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဗီလိန်ကာရိုက်တာနဲ့ ပတ်သက်ပြီး မျက်လုံးအကြည့်တွေကအစ စူးရှတောက်ပပြီး အသက်ဝင်အောင် သရုပ်ဆောင်နိုင်တဲ့ မိန်းမချောကိုတော့ အားလုံးက ချီးကျူးနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်မှာတော့ မိန်းမချောက ရမည်းသင်းမြို့လေးကို သွားရောက်ပြီး ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်တွေနဲ့အတူ သီချင်းတွေအတူဆိုပြီး ပျော်ပျော်ပါးပါး ကခုန်နေတဲ့ ဗီဒီယိုလေးတွေကိုလည်း သူမက ပြန်လည်မျှဝေပေးထားပါတယ်။

မိန်းမချောက " အကြတ်နေ့ ရမည်းသင်းနှင့် ချောချောလေးပရိသတ်များ " ဆိုပြီး ပရိသတ်တွေကို သင်္ကြန်သီချင်းလေးနဲ့ ဖျော်ဖြေနေတဲ့ ဗီဒီယိုလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ သီချင်းဆိုပြီး စည်းချက်ကျကျ ကခုန်နေတဲ့ မိန်းမချောကိုတော့ အောက်ကပရိသတ်တွေကလည်း အပြတ်အသတ် ဝန်းရံအားပေးနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိန်းမချောရဲ့ သီဆိုဖျော်ဖြေမှု ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Than Thar Moe Theint; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။