မနေ့ညက လွှင့်တင်ခဲ့တဲ့ မင်းသမီးရွှေမှုန်ရတီရဲ့ make up လိမ်းပြနေတဲ့ Live ဟာ သတင်းကြီးလို့နေပါတယ်။ Live ထဲမှာတော့ သူမလက်ဆောင်ရရှိထားတဲ့ SAI cosmetics တွေနဲ့ အခြား ပစ္စည်းတွေကို အသုံးပြုပြီး လိမ်းခြယ်ပြသသွားတာ ဖြစ်ပါတယ်။

သူမရဲ့ Live ကို ကြည့်ရှုသူဦးရေ များပြားခဲ့ပြီး ထိုသူတွေထဲမှာမ နာမည်ကြီး မင်းသား ဇေရဲထက်လည်း ပါဝင်ပါတယ်။ ဇေရဲထက် နဲ့ ရွှေမှုန်ရတီဆိုတာ ဗီဒီယို ဇာတ်ကားတွေသာမက ရုပ်ရှင်ကားကြီးတွေပါ တွဲဖက်ရိုက်ကူးနေတဲ့ အနုပညာမောင်နှမတွေ ဖြစ်တဲ့အတွက် အမြဲစနောက် နေကြတဲ့သူတွေပါ။ အခုတခါလည်း ဇေရဲထက်က Live လွှင့်နေတဲ့ ရွှေမှုန်ရတီ့ကို စလိုက်ပြန်ပါပြီ။

ဇေရဲထက်ကတော့ ရွှေမှုန်ရတီကို "တလပတ်ပြားသားတပ်လိုက်" "ဝချက်ကတော့ ကမ်းကုန်" "အမလေး သရဲ သရဲ" စသဖြင့် cmt ပေးပြီးပြောင်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို အခုလို ပြောင်ပြောင်ပျော်ပျော်လေးတွေမြင်ရလို့ ဝမ်းသာပါတယ်တဲ့ ပရိသတ်ကြီးရေ……

Source: Shwe Mhone Yati

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။