ဖူးစာဆိုတာ တကယ်ကိုထူးခြားဆန်းကြယ်တဲ့အရာပါပဲ ပရိသတ်ကြီးရေ။ ရေမြေမတူ ဓလေ့ မတူ ဘာသာစကားလည်းမတူတဲ့ လူနှစ်ယောက်ဟာ တစ်နေရာတည်းမှာ လာဆုံပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားဖို့ဆိုတာ တော်ရုံရေစက်နဲ့တော့ မဖြစ်နိုင်ပါဘူး။ ဂျာမနီနိုင်ငံသား မြန်မာ အဆိုတော် Mikis Weber နဲ့ မြန်မာနိုင်ငံက Gym Trainer ဆရာ မလေး စုစုဝေတို့စုံတွဲလေးဟာ ပရိသတ်တွေသဘောကျတဲ့ Celebrity စုံတွဲလေးပါပဲ။

အနောက်နိုင်ငံသားတော်တော်များများက အညိုစင်လေးတွေကို သဘောကျတတ်တာမို့ စုစုရဲ့ ဗမာဆန်ဆန်ညိုပြာညက်အဆင်လေးက Mikis Weber ရဲ့ ရင်ကို တိုက်ရိုက်ထိမှန် သွားခဲ့ပုံပါပဲ ပရိသတ်ကြီးရေ။ စုစုတစ်ယောက် ချစ်သူကို မကြာခဏဆိုသလို ဘုရားခေါ် သွားတတ်ပြီး မြန်မာတို့ရဲ့ ဓလေ့တွေကိုလည်း ပြောပြပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့အခေါက်က ဆိုရင် ဘုရားဂုဏ်တော်ကိုးပါးကို Mikis Weber တစ်ယောက် ရွတ်ပြသွားပုံက တကယ့်ကို အထစ်အငေါ့မရှိပါပဲ။

ချစ်သူတိုင်းမှာတော့ ကတောက်ကဆရှိတဲ့အချိန်တွေရှိသလို ချစ်နေကြတဲ့အချိန်တွေ လည်းရှိပါတယ်။ ချစ်နေကြတဲ့အချိန်ကတော့ အသာယာဆုံးပေါ့နော်။ Mikis Weber နဲ့ စုစုဝေတို့နှစ်ယောက် ချစ်နေကြတဲ့အချိန်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် " ချီးထုပ်ရေ " " ချစ်ဆုံးရေ " လို့ ချစ်စနိုးခေါ်တတ်ကြပါတယ်တဲ့။ ပရိသတ်ကြီးရော ချစ်သူနဲ့ ချစ်ကြည်နူးနေရင် ဘယ်လိုအသုံးအနှုန်းလေးတွေနဲ့ ခေါ်တတ်လဲ ပြောပေးခဲ့ဦးနော်။

Exclusively on Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။