ဖေဖော်ဝါရီလမှာ စတင်ပြုလုပ်ခဲ့တဲ့ ငွေကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကတော့ ပရိသတ်တွေရဲ့ အိမ်မတ်တွေကို အမှန်တကယ်ပြောင်းလဲစေမှာအမှန်ပဲဖြစ်ပါတယ်။ အဆိုပါ သိန်းတစ်သောင်းခွဲကံထူးရှင်ကို ဧပြီလ ၁ ရက်နေ့ မကြာသေးမီက ဒုတိယအကြိမ်မြောက် ရွေးချယ်ခဲ့ပြီး သိန်းတစ်သောင်းခွဲကံထူးရှင်တစ်ဦးကတော့ ဧရာဝတီတိုင်းဒေသကြီးမှာနေထိုင်တဲ့ မိသားစုတစ်စုဖြစ်ကြောင်း သိရပါတယ်။  

ကံထူးခဲ့တဲ့ ငွေကြေး သိန်းတစ်သောင်းခွဲကို ကိုယ်တိုင်သွားရောက်ထုတ်ယူခဲ့ပြီး ရရှိလာတဲ့ ငွေကြေးထဲမှအချို့ကို လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သိန်း တစ်သောင်းခွဲမှ ငွေကျပ်သိန်း ၂၃၀ ကို ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်မြို့လုံးဆိုင်ရာနှစ်ဆန်းတစ်ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

ငယ်ရွယ်သူမိသားစုတစ်စုဖြစ်ပြီး လက်ရှိကံထူးဆုကြေးတွေဖြင့် ဘဝကိုစတင်တည်ဆောက်နေပြီး ကိုယ်ပိုင်စီးပွားရေးနဲ့ အလှူအတန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ မနေ့က ငွေကျပ် သိန်း ၂၃၀ ကို လှူဒါန်းခဲ့တဲ့ သိန်းတစ်သောင်းခွဲဆုရှင်မိသားစုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

photos - Thin Thin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။