ချစ်ပရိတ်သတ်ကြီးရေ.... ပရိတ်သတ်တွေကြားမှာ တလောတုန်းက ရေပန်းအရမ်းစားခဲ့တဲ့ ဘနားနားဆိုတဲ့ အဆိုတော်လေး ခြိမ့်ကေကို ကိုသိကြမယ်ထင်ပါတယ်နော်။သူဟာ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီးဖြစ်တဲ့ အဆိုတော်လေးတစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်နေပါပြီနော်။

အစပိုင်းမှာတော့ သူ့ကို ဝေဖန်ပြောဆိုမှုတွေများစွာရှိပေမယ့်လည်း ခြိမ့်ကေကိုဟာ ရိုးရိုးသားသားနဲ့ သူယုံကြည်ရာကို ကြိုးစားလုပ်နေခဲ့တဲ့ အတွက် အချို့ဆိုရင်သူ့ရဲ့ ပရိတ်သတ်တွေတောင်ဖြစ်နေခဲ့ပါပြီနော်။ သူ့ရဲ့ "မမရေ... လွမ်းလို့"ဆိုတဲ့သီချင်းဟာလည်း ထင်ထားတာထက်ပိုပြီး အောင်မြင်မှုတွေရရှိခဲ့ပြီးတော့ ပရိတ်သတ်တွေပါးစပ်ဖျားမှာတောင်စွဲနေခဲ့ရပါသေးတယ်နော်။

ဒီလိုအနုပညာအလုပ်တွေကို ရူးသွပ်စွာ ရိုးရိုးသားသားနဲ့ြက်ုစားနေရင်းနဲ့ ရရှိလာတဲ့ သူ့ရဲ့ ဖြူစင်တဲ့ အနုပညာကြေးလေးတွေကိုတော့ ခြိမ့်ကေကိုတစ်ယောက်ဟာ သင်္ကြန် နှစ်ကူးတဲ့ အခါတွင်းမှာ မိဘနှစ်ပါးကို သူတတ်နိုင်တဲ့ ပစ္စည်းလေးတွေဝယ်ပြီး ကန်တော့ခဲ့ပါတယ်နော်။ ဝမ်းသာကြည်နူးဖို့ကောင်းတဲ့ လုပ်ရပ်လေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေရဲ့ချစ်ခင်မှုတွေကို ပိုရခဲ့ပါတယ်နော်။ ကဲ... ခြိမ့်ကေကိုတစ်ယောက်လည်း နောက်တစ်ချိန်မှာ အသံကောင်း အဆိုကောင်းပြီး အောင်မြင်တဲ့အဆိုတော်တသ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ကြပါအုန်း ချစ်ပရိတ်သတ်ကြီးရေ.....

Source : Chaink K Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။