ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကို ပရိသတ်တွေက သူမရဲ့ ကြော်ငြာလေးတွေကနေ စတင်သတိထားမိလာတာဖြစ်ပါတယ်။ဖြူဖွေးနုဖတ်တဲ့အသားအရည်က ကိုးရီးယားမလေးတွေအတိုင်း အရမ်းကိုလှလွန်းတဲ့အပြင် ချစ်စဖွယ်မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ဝတ်မှုံရွှေရည်က နောက်ပိုင်းမှာ ဇာတ်ကားတွေရိုက်ကူးလာပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ အိုင်တင်လေးတွေကို ပရိသတ်တွေက ကြိုက်နှစ်သက်ကြလို့ တစ်စတစ်စနဲ့ ပရိသတ်ရင်ထဲကို နေရာယူနိုင်ခဲ့ပါတယ်။

အခုချိန်မှာဆိုရင်တော့ မြန်မာပြည်က ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်လို့ သူမရဲ့အိုင်တင်တွေနဲ့ ပရိသတ်ကို ဇာတ်ကားအဆုံးထိ ဆွဲဆောင်သွားနိုင်ပါတယ်။ဝတ်မှုံရွှေရည်ရဲ့ အိမ်နာမည် ကစ်ကို ပရိသတ်တွေကပါ ချစ်စနိုးလေးနဲ့ ရွှေကစ်လို့ ခေါ်ဝေါ်ကြပါတယ်။ကစ်က မြန်မာနိုင်ငံတင်မှာမကပဲ နိုင်ငံခြားထိပါ လူသိများကျော်ကြားတဲ့ ရွှေမင်းသမီးလေးပါ။နိုင်ငံခြားနဲ့ပူးပေါင်းပြီးရိုက်ကူးမယ့်ဇာတ်ကားတွေမှာလည်း ရွှေကစ်လေးပါဝင်ဦးမှာဖြစ်လို့ ပရိသတ်ကြီးက အားပေးဖို့စောင့်နေကြပါနော်။

အခုဆိုရင်တော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အသက်၃၀အရွယ်ကို ရောက်ရှိလာတာတောင် သူမရဲ့ပျိုမျစ်နုငယ်မှုက ဆယ်ကျော်သက်လေးလိုပါပဲ။အမြဲတမ်း စတိုင်ကျလှပနေတဲ့ ရွှေကစ်လေးက အခုဆိုရင် ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး "Opening Ceremony of Okinawa International Movie Festival " နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အရမ်းလှပြီး မြင်သူတကာငေးရတဲ့ ဒီဇိုင်းနဲ့ တက်ရောက်ခဲ့ပါတယ်။သူတစ်ပါးနိုင်ငံမှာ ကျက်သရေရှိပြီး ခမ်းနားထည်ဝါတဲ့ အလှတရားတွေနဲ့ ပွဲလယ်တင့်နေတဲ့ ကစ်လေးရဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။