မော်ဒယ် ၊ သရုပ်ဆောင် ပိုင်တံခွန် ကတော့ ဆယ်ကျော်သက်မိန်းကလေးအများစု ရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပါ။

အနုပညာရှင်ဆိုတာတော့ ဘာလုပ်လုပ် စောင့်ကြည့်ခံရတဲ့သူဖြစ်နေတဲ့အတွက် အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့သူတွေလည်းရှိနိုင်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ကတော့ သူဟာ အနုပညာရှင်ပီပီ ဟိတ်ဟန်မရှိပဲ ကြုံရင်ကြုံသလို ပျော်ပျော်နေတတ်တဲ့ သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ပိုင်တံခွန်ဟာ မကြာသေးမီရက်ပိုင်းကလည်း လမ်းဘေးက အသုပ်ဆိုင်တစ်ဆိုင်မှာ တစ်ယောက်တည်း အားရပါးရစားနေတဲ့ပုံကို ဖေ့ဘုတ်စ်မှာ “ဒီလိုမျိုးလေး စားနိုင်မှ မောင့်ဘဝထဲ ဝင်ခဲ့ပါ မေ အာာာဟ” ဆိုပြီး ရေးတင်ခဲ့ပါတယ်။

ဧပြီလ(၇)ရက်နေ့ကလည်း ပိုင်တံခွန်ဟာ ရှုတင်ပြီးသွားလို့ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ လက်အိတ်စွပ်ပြီး ထမင်းဝင်စားနေတဲ့ပုံကို တင်ခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက်မှာ သူ့ကို လက်အိတ်နဲ့ စားတဲ့အတွက် ကြီးကျယ် တယ်လို့ အထင်မှားြ့ပီး ဝေဖန်သူတွေရှိခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုင်တံခွန်က သူ့ရဲ့ ဖေ့ဘုတ်စ်ကနေတစ်ဆင့် အားလုံးသိအောင် အခုလို ပြန်ဖြေရှင်းလိုက်ပါတယ်။

“အောင်မယ်ငှေး လမ်းဘေးစာတောင် မရှောင်ဘူး တွေ့သမျှ အကုန်စားနေတဲ့ကျုပ် ၊ မြိတ်နဲ့ ကော့သောင်း နဲ့ စပ်ထားတဲ့ နယ်သားဗျ။ ချဉ် ငံ စပ်ဆိုတာနဲ့ လက်ကို အကျီမှာ သုပ်ပြီး အပြေးအလွှားစားတတ်တဲ့ ကျူပ်ပါဗျ ဘုန်းကြီးကျောင်းမှာ ဟင်းအစပ်ကို ဘုန်းကြီးကိုယ်တိုင်ပေးတဲ့ လက်အိတ်နဲ့ စားမိမှဘဲ ခင်များတို့ပြောတာ ငရဲကြီးရှစ်ထပ်ကျမည့်အလား”

ဒါ့ပြင် သူဟာ မျက်မှန်တပ်ရတဲ့သူတစ်ဦးမို့ ရှုတင်မှာဆို ပါ၀ါမျက်ကပ်မှန်အကြည် တပ်ထားရကြောင်း နဲ့ ဟင်းကအစပ်ဖြစ်တာကြောင့်လက်နဲ့ စားရင် မျက်လုံးကိုပွတ်မိတဲ့အခါ မျက်လုုံးစပ်ပြီး နီမှာစိုးတာကြောင့် အခုလို လက်အိတ်နဲ့ပဲ ဆွဲလိုက်ပါတယ်လို့ နားလည်မှုလွဲနေတဲ့ ပရိသတ်တွေကို ပြန်ဖြေရှင်းထားပါတယ်။

ဘယ်နေရာဖြစ်ဖြစ် အဆိုးမြင်တတ်တဲ့ သူဆိုတာတော့ ရှိစမြဲပါ ပိုင်တံခွန်ရေ။ ဂရုမစိုက်ပဲ ကိုယ်နေတတ်သလိုနေတာ အအေးချမ်းဆုံးပါပဲ။  

သတင်းအရင်းမြစ် Paing Takon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။