ပရိသတ်ကြီးရေ ပြည်သူချစ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ယခုချိန်ထိလည်း ဆံပင်အရှည်ကြီးနဲ့အရမ်းလှနေဆဲပါ။ပြုံးလိုက်ရင် ပါးချိုင့်လေးနှစ်ဖက်က အထင်းသားပဲဖြစ်လို့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားပါတယ်။ခိုင်နှင်းဝေက ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပြီး သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ခိုင်နှင်းဝေမှာ အနုပညာအလုပ်အပြင် ပရဟိတအလုပ်ကိုပါ စွမ်းစွမ်းတမံလုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ ပရဟိတ အသင်းက ဘယ်သူ့ကိုမဆို ဘယ်နေရာဖြစ်ဖြစ် အချိန်မရွေးသွားရောက်ကူညီကြတဲ့ စိတ်ထားမွန်မြတ်လှတဲ့အဖွဲ့ပါ။ခိုင်နှင်းဝေက သင်္ကြန်ရက်လေးတွေမှာ ပရိသတ်ကို သီချင်းတွေနဲ့လည်း ဖျော်ဖြေပြီး ကုသိုလ်ကောင်းမှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။နောက်ထပ်ပရဟိတအနေနဲ့လည်း မိဘမဲ့ဂေဟာလေးဖွင့်ပြီး မိဘမဲ့ကလေးလေးတွေကိုလည်း မိခင်ရင်းသဖွယ်စောင့်ရှောက်ပြီး ကလေးတွေရဲ့ ပညာရေး ကျန်းမာရေးတွေကို သေသေချာချာ ဂရုစိုက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ခိုင်နှင်းဝေက "နှစ်ဆန်း၂ရက်နေ့မှာတော့ သင်္ကြန်တတွင်းလုံးမတွေ့ရတဲ့ ကျမရဲ့ကလေးလေးတွေဆီကိုသွားခဲ့ပါတယ် ဒီနေ့လည်းသူငယ်ချင်းခွန်းဆင့်နေခြည်က သဘာဝတရားရိပ်သာဆရာတော်နှင့်တကွ ရိပ်သာတစ်ခုလုံး လူ ၃၅၀၀ ကျော် အတွက်ဆွမ်းကပ်ပြီး, ကျမရဲ့ သား/သမီးတွေအတွက် အလှူငွေ ၅သိန်းကျပ်တိတိလှူဒါန်းပေးခဲ့ပါတယ် သူငယ်ချင်းခွန်းဆင့် ဒီ့ထက်မကလှူတန်းနိုင်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်"ဆိုပြီး ခွန်းဆင့်နေခြည်ရဲ့ လှူဒါန်းမှုကိုလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source:Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။