အပျိုကြီးမမတို့ကတော့ ချစ်သူကိုချွဲတဲ့နေရာမှာ ဆရာကြီးပဲနော်။ အသက်သုံးဆယ် ကျော်သည့်တိုင် အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်းလို့အားလုံးက ထင်ခဲ့ပေမယ့် အပျိုကြီး မှာ ချစ်ရမယ့်သူရှိပါတယ်နော်။ မအေးသောင်းတစ်ယောက် အမြဲလိုလိုမြန်မာ ဆန်ဆန်လေးတွေပဲဝတ်ဆင်တတ်ပြီး ရင်ခုန်ချင်စရာ စကားလုံးလေးတွေကို ရွေးပြီးသုံး နှုန်းတတ်ပါသေးတယ်။ ချစ်သူကတော့ ကြွေပြီးရင်းကြွေမှာ အသေအချာပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၉ မှာ အကယ်ဒမီဆုနဲ့လွဲခဲ့ရပေမယ့် သူမကိုချစ်ခင်တဲ့ ပရိသတ်တွေက ဝိုင်းဝန်းပြီး surprise လုပ်ပေးခဲ့တာကြောင့် ဝမ်းသာမျက်ရည်တောင်ကျခဲ့ရပါသေးတယ်။ ချစ်စရာကောင်းတဲ့ မအေးသောင်းတစ်ယောက် အပြုံးလေးတွေက အမြဲတမ်းချိုမြနေပြီး ချစ်သူနဲ့တွေ့ရင် ကလေးလေးတစ်ယောက်လိုပါပဲ။

သူမတို့ချစ်သူနှစ်ဦးပုံရိပ်ကို " လွမ်းနေဘီ ပြန်လာတော့ " ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်သူကိုတော့ ခုထိအလင်းမပြသေးပဲ ဖွက်ထားတုန်းပါပဲ။ ဘယ်သူဆိုတာကို တစ်ယောက်တစ်မျိုးထင်ကြေးပေးပြီး ခန့်မှန်းနေကြတာ ရင်ခုန်ချင် စရာပါပဲ။ အပျိုကြီးမမရဲ့ ချစ်သူက ဘယ်သူဖြစ်မယ်ထင်လဲ။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။