အဆိုတော် သရုပ်ဆောင် နန်းဆုတစ်ယောက် သူမရဲ့ဆံပင်ပုံစံလေးကို ပြောင်းလဲလိုက် တာပဲ ဖြစ်ပါတယ်။ အမြဲတမ်းချစ်စရာကောင်းတဲ့ အသွင်အပြင်လေးတွေနဲ့ သူမက ဒီတစ်ခေါက်မှာလည်း တည်ငြိမ်ရင့်ကျက်ပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတစ်ခုကို ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ လုံးဝ ဆယ်ကျော်သက်လေးတစ်ယောက်လို နုပျိုသွားတာပါ။

မမနဲ့မောင်လေးရဲ့အချစ်ဇာတ်လမ်းမှာလည်း G-Fatt တစ်ယောက် မမရဲ့အလှ ကွန်ယက်တွေမှာ ရုန်းမထွက်နိုင်လောက်အောင်ကို ငြိတွယ်နေပုံရပါတယ် ပရိသတ်ကြီးရေ။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ နှစ်ယောက်သားရဲ့အချစ်ရေးလေးဟာ သာယာစိုပြေပြီး ပရိသတ်တွေရဲ့အချစ်တော်စုံတွဲလေးလည်း ဖြစ်ပါတယ်။

သူမရဲ့ပြင်ဆင်ပြောင်းလဲမှုပုံရိပ်တွေကို " Change hair style " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးလေး နန်းဆုရတီစိုးရဲ့ ရင်ခုန်ဖွယ်မြန်မာ ဆန်ဆန်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။