စံမြန်းဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူ သရုပ်ဆောင်မင်းသမီးချောလေးကတော့ ဝင့်ယမုံနိုင်ပဲ ဖြစ်ပါတယ်နော်..။

"ကျွန်မက မဟေသီ" ဇာတ်ကားကတော့ မနေ့ကပဲ ပြီးဆုံးသွားပြီမို့ မြန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ စံမြန်းလေးနဲ့ မင်းမျိုးနွယ်အပြင် မိန်းမချောနဲ့ ကလေးသရုပ်ဆောင်တွေဖြစ်ကြတဲ့ အနွယ်တော်လေးနဲ့ မုန်းမာန်လေးကိုလည်း ပရိသတ်တွေ လွမ်းနေကြတော့မှာပါနော်..။

ချစ်ရတဲ့ စံမြန်းလေးနဲ့ မင်းမျိုးနွယ်ကတော့ မဟေသီပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို နှုတ်ဆက်စကားလေးတွေ ဆိုထားကြတာ တွေ့ရပါတယ်နော်..။

မမေ့နိုင်စရာကောင်းသလို ပျော်စရာလည်းကောင်းတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အတော်လေး သဘောကျစေမှာပဲ ဖြစ်ပါတယ်နော်..။

"မဟေသီလေးနှုတ်ဆက်ပါပြီ ..... အားလုံးကိုကျေးဇူးတင်ပါတယ်.." ဆိုပြီး ရိုက်ကူးရေးပုံလေးတွေနဲ့အတူ မြန်းလို့ ချစ်စနိုးခေါ်ကြတဲ့ ဝင့်ယမုံနိုင်က ချစ်ပရိသတ်တွေကို နှုတ်ဆက်စကားလေးဆိုထားသလို မင်းမျိုးနွယ် တစ်ဖြစ်လှည့် မင်းသားချော အောင်ရေချမ်းကလည်း "ကျွန်မကမဟေသီ အဖွဲ့သားများနှင့် ကြည့်ရှု့အားပေးကြတဲ့ ချစ်ရတဲ့ပရိသတ်ကြီးနှင့် တစ်ကွ Forever group မိသားစု နိယာယန အဖွဲသားများ သင်ဆရာမြင်ဆရာကြားဆရာအားလုံးကို ကျေးဇူးအထူးတင်လေးစားကန်တော့လိုက်ပါတယ် မင်္ဂလာနှစ်သစ်မှာပျော်ရွှင်ပါစေ.." ဆိုပြီးတော့လည်း ကျေးဇူးတင်စကားလေးအပြင် နှစ်သစ်ဆုတောင်းလေးနဲ့အတူ နှုတ်ဆက်စကားလေး ဆိုလိုက်တာပဲ ဖြစ်ပါတယ်နော်..။

"ကျွန်မက မဟေသီ" ချစ်ပရိသတ်ကြီးတို့အတွက် ဒီကနေ့လေးမှာတော့ ရိုက်ကွင်းပေါ်က အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ အလွမ်းပြေလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အောင်ရေချမ်း၊ ဝင့်ယမုံနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။