ချစ်ပရိတ်သတ်ကြီးရေ...အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေလက်ခံအားပေးခြင်းကိုတစ်ခဲနက်ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးဖွေးစိန်ဟာ ပရိတ်သတ်တွေရဲ့အချစ်တော်လေးပါနော်။ အချစ်အမုန်းအလွမ်း ကျရာဇာတ်ရုပ်ကို ဆေးစက်ကျရာ သရုပ်ပေါ်အောင် နှလုံးသားရဲ့ခံစားချက်တွေကိုထည့်ပြီး သရုပ်ဆောင်တတ်တာကြောင့်လည်း အကယ်ဒမီဆိုတဲ့ စံပြဆုတွေကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်နော်။

လက်ရှိမှာလည်းသူမဟာ ရုံတင်ဇာတ်ကားကြီးပေါင်းများစွာကိုလက်ခံရိုက်ကူးနေရသူဖြစ်ပြီးတော့ သူမရိုက်ကူးပြီးစီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ဒီလပိုင်းတွေထဲမှာတစ်လတစ်ကား နှုန်းဆိုသလို ရုံတင်ရက်တွေဆက်နေခဲ့ပါတယ်နော်။ ဒီလိုကြိုးစားမှုတွေကြောင့် သူမဟာ မကြာခင်ကကျင်းပခဲ့တဲ့ အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ တတိယမြောက် အကယ်ဒမီရွှေစင်ရုပ်ထုကို ပိုင်ဆိုင်ခွင့်ရခဲ့ပါသေးတယ်နော်။

ပရိတ်သတ်တွေအတွက်အရမ်းပဲကြိုးစားတဲ့သူလေးဖြစ်တာကြောင့် သူမချစ်တဲ့ပရိတ်သတ်တွေကလည်း အခုတစ်ခါမှာ လက်ဆောင်ပစ္စည်းလေးတွေကို ပေးပို့ပြီး ဂုဏ်ပြုခဲ့ကြတာကိုတွေ့ရပါတယ်နော်။ Handmadeလေးတွေ မုန့်လေးတွေကို အထူးspecialအနေနဲ့ သူမရဲ့ပရိတ်သတ်တွေက အမှတ်တရများစွာထည့်ပြီးလုပ်ပေးခဲ့ကြတာဖြစ်တဲ့အတွက် ဖွေးဖွေးတစ်ယောက်အရမ်းပဲပျော်ခဲ့ရပါတယ်နော်။ ကဲ... ပရိတ်သတ်တွေအပေါ်မေတ္တာထားတဲ့ ဖွေးစိန်လေး ဒီထက်မကအောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါအုန်းနော် ချစ်ပရိတ်သတ်ကြီးရေ....

Source: Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။