ယူရိုပါလိဒ်ကွာတားဖိုင်နယ်တွေကိုတော့ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားသွားခဲ့ကြပြီးအင်္ဂလန်ထိပ်သီးချယ်လ်ဆီးအသင်းကတော့

Slaviaအသင်းကိုသွင်းဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင်သွင်းပြီးဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။အင်္ဂလန်ပရီးမီးယားလိဒ်မှာရလဒ်တွေဆိုးရွားနေတဲ့ချယ်လ်ဆီးအသင်းဟာယူရိုပါလိဒ်မှာတော့ခြေစွမ်းတွေပြပြီးသွင်းဂိုးတွေမြိုင်ဆိုင်နေတာဖြစ်ပါတယ်။ 

ချယ်ဆီးအသင်းဟာပထမအကျော့တုန်းကလည်းအဝေးကွင်းမှာ(ဝ-၁)နဲ့အနိုင်ရခဲ့တာကြောင့်အိမ်ကွင်းမှာလည်းပိုမိုဖိအားပေးကစားခဲ့ပြီးပွဲအစကတည်းကသွင်းဂိုးတွေကိုမြင်တွေ့ခဲ့ရတာပါ။ချယ်လ်ဆီးအသင်းတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဂီရော့ကလည်းယူရိုပါလိဒ်ပွဲတိုင်းမှာဂိုးတွေသွင်းပေးတက်ပြီးဒီနေ့ပွဲမှာလည်းခြေစွမ်းပြပြီးဂိုးတွေသွင်းယူခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာဆီမီးဖိုင်နယ်ပွဲစဉ်တွေကတော့မေလ၃ရက်နေ့မှာဖရန့်ဘက်အသင်းနဲ့အဝေးကွင်းမှာသွားရောက်ကစားရမှာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာယူရိုပါလိဒ်ပြိုင်ပွဲတွေမှာရလဒ်ကောင်းတွေရရှိဘူးတဲ့အစဉ်အလာတွေလည်းရှိပါတယ်။အရင်တစ်ခေါက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တုန်းကလည်းချန်ပီယံအထိစွမ်းဆောင်နိုင်တာဖြစ်တာကြောင့်ခုနှစ်ပြိုင်ပွဲတွေကိုလည်းဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာစောင့်မျှော်ရင်းညကပွဲ Highlights လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။