မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုကတော့ ညို့အားပြင်းတဲ့ မျက်ဝန်းအလှပိုင်ရှင်တစ်ဦး ဖြစ်ပါတယ်။ စူးရှတောက်ပတဲ့ အကြည့်တွေနဲ့ ဖမ်းစားတတ်တဲ့ မိုးဟေကိုကတော့ ကြည့်လေလှလေဆိုသလို တစိမ့်စိမ့်ကြည့်တိုင်း အလှတွေပိုတိုးနေသူလေးလည်း ဖြစ်ပါတယ်။ ကြော်ငြာ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ မိုးဟေကိုက လက်ရှိမှာလည်း အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းအောင်မြင်နေဆဲ ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာဆိုရင် မိုးဟေကို ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက ရုံတင်ပြသခဲ့သလို နောက်ထပ်ရုံတင်ပြသမယ့် ဇာတ်ကားတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မိုးဟေကိုက ပွဲအခမ်းအနားလေးတွေ တက်ရောက်နေတာဖြစ်ပြီး သူမရဲ့ဖက်ရှင်၊အပြင်အဆင်တွေကလည်း အရမ်းကို စမတ်ကျနေတာ တွေ့ရပါတယ်။ အခုလည်း မိုးဟေကိုက စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားတွေနဲ့ ပြိုင်ဘက်ကင်းလောက်အောင် အလှပိုနေတဲ့ ပုံလေးတွေကို တင်ထားပါတယ်။

မဟူရာမျက်ဝန်းနက်လေးနဲ့ ကြည့်မိသူတိုင်း ကြွေကျသွားအောင် ဖမ်းစားထားတဲ့ မိုးရဲ့အလှပုံရိပ်တွေကတော့ ပုရိသတွေရဲ့ စိတ်ဘဝင်ကို တုန်လှုပ်စေခဲ့တာ ဖြစ်ပါတယ်။ မြန်မာဆန်တဲ့ ရွှေအိုရောင် အသားအရေနဲ့ တောက်ပနေတဲ့ မိုးက ယနေ့တိုင်အောင် အရွယ်တင်နုပျိုတဲ့ အလှတရားတွေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့ အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Moe Hay Ko; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။