အမိုက်စား မိတ်ကပ်တွေကို ဖမ်းတီးထားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ မိတ်ကပ်ပညာရှင်မလေးဟန်နာယူရီက ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားနေတဲ့ မိတ်ကပ်ပညာရှင်လေးဖြစ်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကိုယ်တိုင်လမ်းဖောက်ပြီး ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမရဲ့ အရည်အချင်းတွေက ယခုအချိန်မှာတော့ အောင်မြင်တဲ့ ရလဒ်တွေကိုခံစားရင်း professional မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်ရပ်တည် နေတာကို မြင်တွေ့ရမှာပါ။

ဒါ့ပြင် မိတ်ကပ်ပညာမှာသာမက ချစ်စရာကောင်းတဲ့ သူမရဲ့ ကိုရီးယားပုံစံလေးတွေကြောင့်ပရိသတ်တွေကြားမှာ အရမ်းကို ချစ်ရတဲ့ သူလေးတစ်ယောက်ဖြစ်တဲ့ အပြင် ကိုယ်တိုင်ကြော်ငြာတွေ တေးသီချင်း MTVတွေမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တာတွေကိုလည်း မြင်တွေ့ရမှာပါ။ ကိုယ်ပိုင် brand နဲ့ အလှအပဆိုင်ရာ ပစ္စည်းလေးတွေကို ထပ်မံထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ ဟန်နာလေးကို လည်း မြင်တွေ့ရမှာပါ။

ယခုလည်း ဟန်နာက သူမရိုက်ကူးထားတဲ့ ပုံလေးတွေကို ပရိသတ်တွေကို ထုတ်ပြခဲ့တာဖြစ်ပြီး ယခင်ကနဲ့ မတူအောင် ပိုပိုပြီးလှလာတဲ့ ဟန်နာလေးကို မြင်တွေ့ရမှာပါ။ ရိုးရှင်းတဲ့ ကိုရီးယားဆန်ဆန်ဒီဇိုင်းလေးနဲ့အရမ်းကို မြင်သူတိုင်းကို ရင်တလှပ်လှပ်ခုန်ပြီး အသည်းတွေကြွေသွားလောက်အောင် ဖမ်းစားနေတဲ့ ဟန်နာရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည်ဝေမျှလိုက်ရပါတယ်။

Source:Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။