ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားတဲ့ မင်းသမီးလေးတစ်လက်ဖြစ်တဲ့ခြူးလေးက သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ဦးဖြစ်တဲ့ အပြင် သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ရုပ်တိုင်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အကယ်ဒမီဆန်ကာတင်စာရင်းထဲမှာတောင်တက်သစ်စ အနုပညာရှင် တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာတောင် ပရိသတ်တွေ မြင်တွေ့ရမှာပါ။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိပြီး ပရိသတ်တွေမျှော်မှန်းထားတဲ့ အကယ်ဒမီဆုရှင်ကြီးတစ်ယောက် ဖြစ်အောင် အကောင်းဆုံး ကြိုးစားနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ စိတ်သဘောထားကောင်းပြီး ကလေးလေးတစ်ယောက်လို အရမ်းကို ဖြူစင်တဲ့ သူမရဲ့ အမာခံပရိသတ်တွေကတော့ ဘယ်လိုချိန်မှာပဲ ဖြစ်ဖြစ် သူမဘက်နေ အမြဲရပ်တည်ပေးလျက်ရှိတဲ့ သူတွေဖြစ်ပါတယ်။

သင်္ကြန်တစ်တွင်းလုံးမှာ ပရိသတ်တွေနဲ့ အတူမကဲနိုင်ခဲ့ပေမယ့် သာသနာဘောင်အတွင်းမှာ ကြည်ညိုဖွယ်ရာကောင်းတဲ့ ဆရာလေးတစ်ပါးအဖြစ် ပရိသတ်တွေ မြင်တွေ့ခဲ့ရတာြကောင့် သာဓုခေါ်ပြီး ပီတိဖြစ်ခဲ့ရပါတယ်။ယခုဆိုရင် လူဘောင်လောကထဲကို ပြန်လည်ဝင်ရောက်ပြီး အလုပ်တွေကို ဆက်လက်ကြိုးစားလုပ်ကိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေအပြည့်နဲ့ ခြူးလေးကို မြင်တွေ့ရမှာပါ။ ကတုံးလေးနဲ့လည်း အရမ်းကို လှနေတဲ့ ပုံလေးတွေကိုလည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source:Chue Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။